Thursday, January 28, 2016

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကရုဏာကမ္ဘာဘိုးဘွားရိပ်သာသို့ အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနား တက်ရောက်


နေပြည်တော် - ဇန်နဝါရီ ၂၈

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်ဧည့်ခန်းမ၌ ပြုလုပ်သည့် ကရုဏာကမ္ဘာဘိုးဘွားရိပ်သာသို့ အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနား တက်ရောက်သည်။



အခမ်းအနားတွင် ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးဌေးမြင့်၊ အမျိုးသားလွှတ်တော်၊ ကယ်ဆယ်ရေးနှင့် ကူညီစောင့်ရှောက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာခင်ရွှေနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ မိသားစုတို့က အလှူငွေများ ပေးအပ်လှူဒါန်းကြရာ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာစောင့်ရှောက်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည် (ငြိမ်း) က လက်ခံရယူသည်။

No comments:

Post a Comment