နေပြည်တော်
ဇန်နဝါရီ ၁၆
မြန်မာနိုင်ငံအတွက်
ငြိမ်းချမ်းရေးသမိုင်းမှတ်တိုင်ဖြစ်လာမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို
နေပြည်တော် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ဇန်နဝါရီ ၁၂ ရက်မှ
စတင်ကျင်းပခဲ့ရာ ယနေ့နောက်ဆုံးနေ့ အဖြစ် ကျင်းပပြီးစီးခဲ့သည်။
ငြိမ်းချမ်းရေးညီလာခံ နောက်ဆုံး နေ့၌ ယခင်ရက်များက ကဏ္ဍအလိုက် ဆွေးနွေးတင်ပြချက်များ
အပေါ် ကဏ္ဍတစ်ခုလျှင် ကိုယ်စားလှယ်သုံးဦးစီက ဖတ်ကြားပြီး အစုအဖွဲ့အလိုက် တင်ပြ
ဆွေးနွေးမှုများ ဆောင်ရွက် ခဲ့ကြသည်။ ငါးရက်တာကာလအတွင်း ဆွေးနွေးမှု အကြောင်း
အရာအားလုံးကို စုစည်း၍ မှတ်တမ်း ထားရှိသွားမည်ဖြစ် ပြီး နောင် တက်လာမည့် အစိုးရသစ်အထိ
လက်ဆင့်ကမ်းပြီး ငြိမ်းချမ်းရေး အတွက် ဆွေးနွေးမှုများ ဆက်လက် ပြုလုပ်သွားမည်ဟု
သိရသည်။
ယနေ့
ဆွေးနွေးပွဲတွင် အစုအဖွဲ့ ခုနစ်ဖွဲ့ဖြစ်သော အစိုးရအစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့၊
တပ်မတော် အစုအဖွဲ့၊ နိုင်ငံရေးပါတီများ အစုအဖွဲ့၊ တိုင်းရင်းသားအစုအဖွဲ့နှင့်
တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့၊ ပါဝင်သင့် ပါဝင်ထိုက် သူများ အစုအဖွဲ့တို့က
၎င်းတို့၏ သုံးသပ် ချက်၊ ထင်မြင်ယူဆချက် များအား ဆက်လက်ဆွေးနွေးတင်ပြခဲ့ကြသည်။
ဆွေးနွေးချက်များအပေါ်ကျေနပ်
အားရမှုရှိကြောင်းနှင့် ရှုထောင့် ပေါင်းစုံတင်ပြ ချက်များမှ ပေါ်ထွက် လာသည့်
ရလဒ်များနှင့်ပတ်သက်ပြီး ကိုယ်စားလှယ်အချို့ ၏ သဘောထား အမြင်များကို
စုစည်းဖော်ပြလိုက် ပါသည်-
ဆလိုင်းကစ်ပ်ခိုလျန်
ချင်းအမျိုးသားတပ်ဦး(CNF)
အလှည့်ကျဥက္ကဋ္ဌ
(တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ အစုအဖွဲ့)
ကျွန်တော်ဒီကိုမလာခင်
စိတ်ထဲ မှာ လုံးဝအားမရဘူး။ သို့သော်လည်း ဒီကိုလာပြီးတော့ ဆွေးနွေးဝိုင်းတွေမှာ
ဆွေးနွေးပြီး နားထောင်တဲ့အခါ ကျတော့ အားရကျေနပ်မှု ရှိလာတယ်။ ကျန်တဲ့သူတွေ
မလာနိုင်သေးဘူး ဆိုသော်လည်းပဲ ကျွန်တော်တို့ လာနိုင်တဲ့သူတွေက အားလုံးခြုံ ပြီးတော့
ပြောနိုင်ပါတယ်။ ဒါကလည်း ကျွန်တော်တို့အတွက် အကျိုးအမြတ် တစ်ခုဖြစ်တယ်။ အခုလို
ဆွေးနွေးမှု တွေကို နားထောင်လိုက်တဲ့အခါမှ အစိုးရဘက်က အမြင်တွေလည်း သိရပါတယ်။
ဒီဆွေးနွေးမှုမှာ မတူတာတွေ ကဘာလဲ။ တူညီတဲ့အချက် တွေကဘာလဲ ဆိုတာတွေကို အများကြီး တွေ့မြင်လာရ
တဲ့အတွက် ကျွန်တော်တို့ ပြင်ဆင်နိုင်တဲ့အပိုင်းတွေ အများကြီး ရှိလာတယ်။ အဲဒါတွေက
ကျွန်တော်တို့အတွက် အကျိုး အမြတ်တွေ ပါပဲ။ အခု ပထမဆုံး အကြိမ်ကျင်းပတဲ့
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကြီး ကို တက် ရောက်ရတာလည်း ကျွန်တော့်အနေနဲ့
ဂုဏ်လည်းယူတယ်။ ဝမ်းလည်း ဝမ်းမြောက်ပါတယ်။ မတက်ရောက် ခင်ကနဲ့စာရင် အများကြီးလည်း
အားရကျေနပ်ပါတယ်။
ကျွန်တော်က
နိုင်ငံရေးကိုအဓိက ဆွေးနွေးခဲ့တယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပင်လုံစိတ်ဓာတ်၊
ဒီမိုကရေစီရဲ့ အခြေခံ သဘောတရား တွေက ပင်လုံစာချုပ် ထဲမှာ ပါနေ တယ်။ ငြင်းကြ၊
ခုံကြပြီးတော့ ဆုံးဖြတ်ချက်ချဖို့ မဟုတ်ပါဘူး။ IDEA တွေကို တောင်းယူတဲ့သဘောပါ။
ဒီမှာ ကောင်းကျိုးက သူတို့ရဲ့ ယူဆချက်တွေ ကိုယ်သိမယ်။ ကိုယ့်ရဲ့ ယူဆချက်တွေကို
သူတို့သိမယ်။ နောင်လာမယ့် ဆွေးနွေးပွဲတွေ၊ ညီလာခံတွေအတွက် ဘက်ပေါင်းစုံက
ကြိုတင်ပြင် ဆင်ဖို့ အချက်အလက် တွေရလာမယ်။ နောက်ပြီး မတက် ရောက်သေးတဲ့ သူတွေကိုလည်း
အကြောင်းကြားလို့ရမယ်။ သူတို့အတွက်လည်း ကြိုတင်ပြင် ဆင်လို့ရမယ်။ ဘယ်အချက်တွေကို ညှိရမလဲ
ဆိုတဲ့ အခြေခံအချက်တွေကိုလည်း သိလာပါတယ်။
ဦးညိုအုန်းမြင့်
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးစင်တာ IDEA (အစိုးရကိုယ်စားလှယ်များအစုအဖွဲ့)
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးစင်တာ IDEA (အစိုးရကိုယ်စားလှယ်များအစုအဖွဲ့)
ငါးရက်ကြာ
ကျင်းပတဲ့အစည်း အဝေးမှာ ဘာအကျိုးအမြတ်တွေ ရခဲ့လဲဆိုတော့ တိုင်းပြည်မှာ မတူကွဲ
ပြားတဲ့ ပြဿနာတွေ၊ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ ဒီနေရာမှာ အားလုံး
စုစည်းပေးနိုင်ပါတယ်။ ဆွေးနွေးပွဲ တွေကိုလည်း ဒီထက်ကြာကြာ ဆက်လုပ်မှဖြစ်မှာပါ။
နိုင်ငံရေး ဆွေးနွေးပွဲတက်ရောက်ချင်တဲ့ လူတွေ ၁၈ဝ ကျော် ရှိရာမှာ အမှန်တကယ်
တက်ရောက်တာက ၁၅ဝ လောက်ပဲ တွေ့ တယ်။ အများစုသဘောတူညီတဲ့ အချက်ကဘာလဲဆိုတော့ ဖက်ဒရယ်
စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု စနစ်ကို အားလုံးက လက်ခံသဘော တူတယ် ။ နောက်ပြီး
ငြိမ်းချမ်းရေး တစ်ခုတည်းမဟုတ်ဘဲ ကဏ္ဍပေါင်းစုံက ပြဿနာတွေကို တွေ့ရတယ်။
ငြိမ်းချမ်းရေးက လွယ်လွယ်ရတာ မဟုတ်ဘူး။ NCA အတွက် တရားဝင် အစည်းအဝေးကိုးကြိမ်နဲ့
တရားမဝင် တဲ့ အစည်းအဝေးပေါင်း ရာနဲ့ချီပြီး လုပ်ခဲ့ရတယ်။ ဒါကြောင့် ယုံကြည်မှု
တွေကို ဘယ်လိုတည်ဆောက် ရမလဲဆိုတဲ့ ပြဿနာတွေကို အခုငြိမ်းချမ်း ရေးညီလာခံကျင်းပတဲ့
ငါးရက်မှာ တွေ့ရတယ်။ ဒီဆွေးနွေးပွဲတွေက ရတဲ့ သုံးသပ်ချက်တွေကို အကြံပြု
လက်ဆင့်ကမ်း ပြီးတော့မှသာ အားလုံး အမှန်တကယ်လိုချင်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို
ရမှာပါ။
စိုင်းကျော်ညွန့်
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် များအစုအဖွဲ့)
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် များအစုအဖွဲ့)
ကျွန်တော်တို့
မနက်ပိုင်းမှာ လွန်ခဲ့တဲ့ရက်တွေအတွင်းမှာ ဆွေးနွေးခဲ့တဲ့ ဆွေးနွေးချက်တွေအားလုံးကို
မှတ်တမ်းတင်တယ်။ ကဏ္ဍကြီးငါးရပ်မှာ ဆွေးနွေးထားတဲ့ အကြောင်းအရာတွေ၊ တူတာတွေရော မတူ
တာတွေရော အားလုံးကို အနှစ်ချုပ်ပြီး တော့ မနက်ပိုင်းမှာ ကိုယ့်ရဲ့ အစုအ ဖွဲ့တွေဆီ
လာပြီးတော့ ရှင်းပြတယ်။ နိုင်ငံရေး ကဏ္ဍမှာ သွားရောက်ပြီး ဆွေးနွေး ခဲ့တဲ့လူတွေက
သူတို့အမြင်ကို အစုအဖွဲ့ကို ပြန်ပြီးရှယ်ယာလုပ်ပြီး ရှင်းလင်းတဲ့သဘောပါ။ ကျန်တဲ့
စီးပွားရေး၊ လူမှုရေး တွေကလည်း အတူတူပါပဲ။ ညနေပိုင်းမှာတော့ ကိုယ်စားလှယ် ၇ဝဝ ပါဝင်တဲ့
စုံညီ ညီလာခံကို လုပ်ပါတယ်။ အဲဒီစုံညီ ညီလာခံမှာလည်း စောစောက ပြောခဲ့တဲ့
အနှစ်ချုပ်ကိုပဲ ဖတ်ကြားပြီး ညီလာခံရဲ့ ဆွေးနွေးချက်တွေအဖြစ် မှတ်တမ်း တင်ပါတယ်။
ငြိမ်းချမ်းရေး ညီလာခံကြီးက ကာလ သတ်မှတ်ချက်သုံးနှစ်အတွင်း ပြီးအောင် လုပ်မှာလား။ ငါးနှစ်အတွင်း ပြီးအောင် လုပ်မှာလားဆိုတဲ့ အဆို နှစ်ခု အဓိက အားဖြင့် ရှိတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ စစ်ရေး နည်းလမ်းနဲ့ ဖြေရှင်းခဲ့ တာကြာပါပြီ။ ဒီငြိမ်းချမ်းရေး ညီလာခံကြီးကို စလုပ်ဖြစ်တာဟာ ငြိမ်းချမ်းရေး ညီလာခံမှာ အားနည်းချက်၊ အားသာ ချက်တွေရှိမယ်။ ဒါပေမယ့် ဘာပဲပြောပြော ကျွန်တော်တို့ နိုင်ငံရေး ယဉ်ကျေးမှုတစ်ခု စတင်လိုက်နိုင် တာလို့ပဲ မြင်ပါတယ်။ ဒီအပေါ်မှာ ကြိုက်တဲ့သူလည်းရှိမယ်။ မကြိုက်တဲ့ သူလည်းရှိမယ်။ အမြင်အမျိုးမျိုး ရှိနိုင်ပါတယ်။ အဓိကအားဖြင့် ကျွန်တော့်အနေနဲ့ ပြောချင်တာက ယဉ်ကျေးမှုအသစ်လေးကို စတင်လိုက်နိုင်တယ်ဆိုတဲ့ အချက်လေး လောက်နဲ့ ဒီပွဲကအဆင်ပြေပါတယ်။
ငြိမ်းချမ်းရေး ညီလာခံကြီးက ကာလ သတ်မှတ်ချက်သုံးနှစ်အတွင်း ပြီးအောင် လုပ်မှာလား။ ငါးနှစ်အတွင်း ပြီးအောင် လုပ်မှာလားဆိုတဲ့ အဆို နှစ်ခု အဓိက အားဖြင့် ရှိတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ စစ်ရေး နည်းလမ်းနဲ့ ဖြေရှင်းခဲ့ တာကြာပါပြီ။ ဒီငြိမ်းချမ်းရေး ညီလာခံကြီးကို စလုပ်ဖြစ်တာဟာ ငြိမ်းချမ်းရေး ညီလာခံမှာ အားနည်းချက်၊ အားသာ ချက်တွေရှိမယ်။ ဒါပေမယ့် ဘာပဲပြောပြော ကျွန်တော်တို့ နိုင်ငံရေး ယဉ်ကျေးမှုတစ်ခု စတင်လိုက်နိုင် တာလို့ပဲ မြင်ပါတယ်။ ဒီအပေါ်မှာ ကြိုက်တဲ့သူလည်းရှိမယ်။ မကြိုက်တဲ့ သူလည်းရှိမယ်။ အမြင်အမျိုးမျိုး ရှိနိုင်ပါတယ်။ အဓိကအားဖြင့် ကျွန်တော့်အနေနဲ့ ပြောချင်တာက ယဉ်ကျေးမှုအသစ်လေးကို စတင်လိုက်နိုင်တယ်ဆိုတဲ့ အချက်လေး လောက်နဲ့ ဒီပွဲကအဆင်ပြေပါတယ်။
အခုညီလာခံမှာ
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလည်း ရှစ်ဖွဲ့ ပဲ ပါသေးတယ်။ ဒီအချိန်က အစိုးရ
အကူးအပြောင်း ကာလလည်းဖြစ်တယ်။ သေချာတာက နောင်တက် လာမယ့် အစိုးရရဲ့ အခင်းအကျင်းမှာ
ဒုတိယညီလာခံ ဆက်ဖြစ်မယ်။ ဒုတိယညီလာခံမှာ တက်လာမယ့် အစိုးရကလည်း ကျန်ရှိနေသေးတဲ့
တိုင်းရင်းသား ညီအစ်ကိုတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မပါဝင် ရသေးတဲ့
သူတွေအကုန်လုံး ဖိတ်ခေါ်လမ်းဖွင့်ပေးပြီးတော့ သူတို့ ဝင်လာနိုင်မယ့် အခင်းအကျင်းကို
ခင်းပြီးဖိတ်ခေါ်မယ်ဆိုရင် ကျွန်တော် တို့လိုချင်တဲ့ ထာဝရ ငြိမ်းချမ်းရေးဟာ
ပိုပြီးတော့ နီးစပ်လွယ်ကူမယ်လို့ မြင်ပါတယ်။
ဦးဟန်ရွှေ
တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် များအစုအဖွဲ့)
တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် များအစုအဖွဲ့)
ကျွန်တော့်အနေနဲ့
နိုင်ငံရေး ကဏ္ဍမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ် အကြောင်းနဲ့ ပါဝင်သင့်တဲ့ အခြေခံ မူတွေကို
ဆွေးနွေးခဲ့ပါတယ်။ နိုင်ငံရေး ရှုထောင့်မှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊
တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့၊ နိုင်ငံရေး အဖွဲ့အစည်း၊ တိုင်းရင်းသား
အဖွဲ့အစည်းနဲ့ ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေ ကနေ တစ်ရက်ကို အချက် ၃ဝ ဆွေးနွေးကြတယ်။ ဆွေးနွေးတဲ့အခါ အားလုံး က ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးကို
ပိုပြီးလိုလားကြတယ်။ ငြိမ်းချမ်းရေး အဖြေရှာဖို့ဟာ ဖက်ဒရယ်ပြည်ထောင်စု တည်
ဆောက်နိုင်မှသာ အဖြေရမယ်ဆိုတာ တွေ့ရတယ်။ ပါဝင်သင့်တဲ့အချက် တွေကို ဆွေးနွေးရာမှာ
ဖက်ဒရယ် ပြည်ထောင်စုကို ဘယ် Structure နဲ့ သွားမလဲဆိုတဲ့ ဆွေးနွေး ချက်တွေကို
မှတ်တမ်းပြုစုပြီး နောက်တက်လာ မယ့်အစိုးရ ဆက် လက်ဆွေးနွေး နိုင်အောင်
ဆွေးနွေးခြင်းလည်း ဖြစ်ပါတယ်။
ထန်းနိန်ကီး
ချင်းအမျိုးသားတပ်ဦး CNF
အဓိပတိကောင်စီဝင်
(တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ အစုအဖွဲ့)
အခုလို
တွေ့ဆုံဆွေးနွေးခြင်း ဟာ ပထမအကြိမ်ဖြစ်တဲ့အတွက် ဆက်ညှိနှိုင်း သွားရမယ့် အချက်တွေ
လည်းရှိသေးတယ်။ ကွဲလွဲချက်တွေ ကလည်း အရင်က ထက်စာရင် အများကြီးနီးစပ်လာပါပြီ။
အများစုဟာ ဖက်ဒရယ်စနစ်သွားဖို့ သဘော တူကြတာကို တွေ့ရတယ်။ တကယ် လက်တွေ့
ဖက်ဒရယ်သွားဖို့ ကိုတော့ ဆက်ပြီး ဆွေးနွေးရမယ့် အခြေအနေ ရှိတယ်။
ငါးရက်ကြာဆွေးနွေးမှု ကိုတော့ ကျေနပ်အားရမှု ရှိပါတယ်။ ဖက်ဒရယ်နဲ့ပတ်သက်ပြီး လူမျိုးကို
အခြေခံကာ ဖြစ်ပေါ်လာတဲ့ ပြည်ထောင်စုဆိုတော့ တကယ်လက် တွေ့ကျတဲ့ ဖက်ဒရယ်ဖြစ်ဖို့ကို
ပိုပြီးမျှော်လင့်တယ်။ လက်မှတ်မထိုးတဲ့ သူတွေနဲ့ ပတ်သက် ပြီးတော့ သူတို့ လည်းAll
Inclusive မပါဝင်တဲ့ နေရာမှာ ကွဲလွဲပေမယ့် ကျန်တဲ့ အချက်တွေမှာတော့ အတူတူပါပဲ
ဆိုတော့ သူတို့ကိုလည်း ပါဝင်လာဖို့ မျှော်လင့် ပါတယ်။
နောက်တစ်ခုက
တပ်မတော် ကိုယ်တိုင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ ဖွင့်ဟပြောဆိုလာတဲ့ အတွက်
ပိုပြီးတော့ ခွန်အားသစ် ဖြစ်စေတယ်။ နိုင်ငံတကာ ဖက်ဒရယ် အကြောင်းကို လေ့လာထားတဲ့
သူတို့ရဲ့ ဆွေးနွေး တင်ပြချက်တွေ အပေါ် အတော်လေး ကျေနပ်မိတယ်။ လက်တွေ့
အသုံးချဖို့ကိုတော့ ဆက်ဆွေးနွေးရဦးမှာပါ။ နယ်စပ်ဒေသ တိုင်းရင်းသားတွေ နဲ့
ပတ်သက်ပြီး တော့လည်း ၂ဝ၁၂ ခုနှစ်ကနေ ဒီနေ့ အထိ ငြိမ်းချမ်းရေးဖြစ် စဉ်တွေမှာ
တိုင်းရင်းသား လူမျိုးများအကြား ပြည်သူလူထုနဲ့ လက်နက်ကိုင် အင်အားစုတွေရဲ့
ဆွေးနွေးမှုတွေ ပိုပြီး ပွင့်လင်းမြင်သာလာတယ်။ ပြည်သူ လူထုကလည်း နိုင်ငံရေး၊
အမျိုးသားရေးမှာ ပိုပြီး နိုးနိုးကြား ကြားရှိလာတာကို ကျွန်တော်တော့ တွေ့ရတယ်။
မည်သို့ပင်ဖြစ်စေ
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးတည်ဆောက်မှု သမိုင်း တစ်လျှောက် မရရှိခဲ့ဖူးသော
နိုင်ငံရေး တည်ငြိမ်မှုနှင့် ပွင့်လင်းလွတ်လပ်မှုကို အခြေခံပြီး ကျင်းပခဲ့သည့် ပထမ
အကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ကြီးသည် နိုင်ငံတော်၏
သမိုင်းသစ်တစ်ခုအတွက် ခြေလှမ်း သစ်တစ်ရပ် စတင်နိုင်ခဲ့ခြင်း ဖြစ်သကဲ့သို့
ထာဝရငြိမ်းချမ်းရေးနှင့် အနာဂတ်တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက်လည်း
ရလဒ်ကောင်းများစွာကို ဆောင်ကြဉ်း ပေးနိုင်မည်ဟု မျှော်လင့်မိပါကြောင်း ..။
တွေ့ဆုံမေးမြန်း-တင်မောင်လွင်၊သက်မွန်ဦး(မြန်မာ့အလင်း)
ဓာတ်ပုံ-မောင်မွှေး
ဓာတ်ပုံ-မောင်မွှေး





No comments:
Post a Comment