Monday, January 4, 2016

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်းတို့က (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံ

နေပြည်တော် ဇန်နဝါရီ ၎
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့်ဇနီး ဒေါ်ခင်ခင်ဝင်းတို့က တည်ခင်း ဧည့်ခံသည့် ၂၀၁၆ ခုနှစ် (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ညစာစားပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ဥပစာ မြက်ခင်းပြင်၌ ကျင်းပသည်။


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီးတို့သည် (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဧည့်ခံပွဲနှင့် ညစာစားပွဲ အခမ်းအနား ကျင်းပသည့် နိုင်ငံတော်သမ္မတ အိမ်တော် ဥပစာ မြက်ခင်းပြင်သို့ ညနေ(၆)နာရီခွဲတွင် ရောက်ရှိလာကြပြီး ညစာစားပွဲသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
အဆိုပါ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ညစာစားပွဲသို့ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့်ဇနီး ဒေါ်နန်းရွှေမှုန်၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်ဇနီး ဒေါ်ခင်အေးမြင့်၊ ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့်ဇနီး ဒေါ်ခင်လေးသက်၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် ဇနီးဒေါ်ခင်ပြုံး၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမြသိန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့မှ ဒုတိယ ဥက္ကဋ္ဌများနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သံအမတ်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များနှင့် ၎င်းတို့၏ ဇနီးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

(၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ညစာစားပွဲတွင် မီးရှူး မီးပန်းများဖြင့် ပစ်ဖောက် ဂုဏ်ပြုကြပြီး ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ် အတွင်း တေးသံရှင်များက မြန်မာ့အသံ ခေတ်ပေါ်တေးဂီတ အဖွဲ့နှင့် တွဲဖက်၍ တေးသီချင်းများဖြင့် ဧည့်ခံ ဖျော်ဖြေ တင်ဆက်ကြသည်။

No comments:

Post a Comment