ကချင်ပြည်နယ်သို့ ရောက်ရှိနေသော
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးအုန်းမြင့်နှင့် ဦးဝင်းထွန်းတို့သည် ပြည်နယ်ဝန်ကြီးချုပ်
ဦးလဂျွန်ငန်ဆိုင်း၊ ဒုတိယ၀န်ကြီး ဦးမော်သာထွေးတို့နှင့်အတူ ဇန်န၀ါရီ ၂၃ ရက် နံနက်ပိုင်းတွင်
မချမ်းဘောမြို့ရှိ ကောင်းမှုလုံစေတီတော်သို့ သွားရောက်ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊
ဆီမီးများ ဆက်ကပ်ပြီး အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည်
မချမ်းဘောမြို့နယ်အတွင်းရှိ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လျှပ်စစ်ကဏ္ဍ
စသည့်အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများနှင့် တိုးချဲ့ပြင်ဆင်တည်ဆောက်မှု
အခြေအနေများကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည်
မလိခတံတား (မချမ်းဘော) တည် ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိကြပြီး တည်ဆောက်ရေးလုပ်ငန်းများ
ဆောင်ရွက်နေမှု ကို ကြည့်ရှုစစ်ဆေးသည်။
မလိခတံတား(မချမ်းဘော)
သည် သံကူကွန်ကရစ် ဘေလီကြိုးဆိုင်းတံတား အမျိုး အစားဖြစ်ပြီး စုစုပေါင်း တံတားအရှည်ပေ
၈၄၀ ရှိသည်။ ယင်းတံတားသည် ပူတာအိုမြို့နှင့် မချမ်းဘောမြို့ကို ဆက်သွယ်ပေးသည့် တံတားဖြစ်သည်။
အဆိုပါတံတားပြီးစီးပါက ၃၆ တန်အထိရှိသည့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည်
မြစ်ကြီးနားမြို့သို့ ရောက်ရှိ ကြပြီး မြို့တော်ခန်းမ၌ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ အငှားအိမ်ယာများ တည်ဆောက်ပြီးစီးမှု၊ ပညာရေး၊ ကျန်းမာရေး၊
စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စများအပြင် ငါးနှစ်တာကာလအတွင်း
တိုးတက်မှု အခြေအနေများ၊ ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှု၏ အရေးပါမှုများကို ဆွေးနွေးခဲ့ကြသည်။



No comments:
Post a Comment