နေပြည်တော် ဇန်န၀ါရီ
၁၁
ပထမအကြိမ်ပြည်ထောင်စုလွှတ်တော်
(၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၂၈ ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ (၁)နာရီခွဲတွင် ကျင်းရာ
ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် လွှတ်တော်၏ သဘောတူညီချက်ရယူခြင်း၊
အစီရင်ခံစာ (၂)ခု ဖတ်ကြားခြင်းနှင့် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းအား
ဆွေးနွေး ခြင်းတို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင်
လစ်လပ်လျက်ရှိသည့် ပြည်ထောင်စုစာရင်းစစ်ချုပ်နေရာတွင် ဒုတိယစာရင်းစစ်ချုပ်အား ခန့်အပ်တာဝန်ပေးရန်ကိစ္စအား
လွှတ်တော်က ကန့်ကွက်ချက် တစ်စုံတစ်ရာမရှိသည့်အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ဒုတိယစာရင်းစစ်ချုပ်
ဦးမျိုးမြင့်အား ခန့်အပ်တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်း လွှတ်တော် နာယက က ကြေညာသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ
သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာ သော အထူးကုန်စည်ခွန် ဥပဒေကြမ်း၊ ဥပဒေဆိုင်ရာအထောက်အကူပေးရေးဥပဒေကြမ်း
တို့နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီက ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီအရင်ခံစာများကို
လွှတ်တော်သို့ ဖတ်ကြား တင်ပြသည်။
ထို့နောက် လွှတ်တော်နာယက
က ယင်းဥပဒေကြမ်းများနှင့်စပ်လျဉ်း၍ ဆွေးနွေး
လိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ သည်။
ထို့နောက် ၂၀၁၆
ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြပြီး လွှတ်တော်နာယက
က အခွန် ဥပဒေကြမ်းနှင့် ၀င်ငွေခွန်စည်းကြပ်မှု နှုန်းထား သတ်မှတ်မှုများကို လက်တွေ့ အခြေအနေနှင့်ကိုက်ညီသည့်နှုန်းထားဖြစ်အောင်
လွှတ်တော်ကော်မတီများနှင့် သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများ ဆွေးနွေးညှိနှိုင်းပြီး
မှန်မှန်ကန်ကန် အသုံးပြု နိုင်အောင် ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်
ခြင်းဖြင့် ၀န်ထမ်းများ သာမက အခွန်ထမ်း ပြည်သူများအနေဖြင့်လည်း အခွန်ဆောင်ရန် ပိုမိုစိတ်ဝင်စားလာမည်
ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်နှင့်နိုင်ငံသားများ အကျိုးစီးပွားအတွက် အလေးထား
ဆွေးနွေး ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်းပြောကြားသည်။



No comments:
Post a Comment