နေပြည်တော် ဇန်န၀ါရီ
၁၁
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ဟိုတယ်ဇုန်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍
ငြိမ်းချမ်းရေးညီလာခံတက် ရောက်မည့် ဧည့်သည်တော်များ အစားအသောက်တည်ခင်းဧည့်ခံကျွေးမွေးရေးဆိုင်ရာ
ကိစ္စရပ်များအား မှာကြားသည်။ ပြည်ထောင်စုဝန်ကြီးက ဇန်န၀ါရီ (၁၂) ရက်မှ (၁၆) ရက်အထိ နေပြည်တော်ရှိ
ကွန်ဗင်းရှင်းဗဟိုဌာန (၂) တွင် ကျင်းပမည့် ငြိမ်းချမ်းရေးညီလာခံသို့ ကိုယ်စာလှယ် (၉၀၀)ခန့်
တက်ရောက်မည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ဧည့်သည်တော်များအတွက် အစား အသောက်တည်ခင်းဧည့်ခံကျွေးမွေးရေးအတွက်
အဆင်ပြေမှုရှိအောင် အဖက်ဖက်မှပြင်ဆင်ထားပါ ကြောင်း၊ ဧည့်ခံကျွေးမွေးရေးကို တာဝန်ယူမည့်အဖွဲ့များအနေဖြင့်
အစားအသောက်သန့်ရှင်းလတ်ဆတ် ရေးကို အထူးဂရုပြုစေလိုပါကြောင်း၊ အစစအဆင်ပြေအောင်အားလုံးပူးပေါင်း
ဆောင်ရွက်ကြစေလိုပါ ကြောင်းဖြင့် မှာကြားသည်။
ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ
ညွှန်ကြားရေးမှူးချုပ်က အစားအသောက် တည်ခင်းကျွေးမွေးရေးဆိုင်ရာ ပြင်ဆင်ထားရှိမှုအခြေအနေများ
ကို တင်ပြခဲ့ပါသည်။ ထို့ပြင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန(MPC)
မှ တာဝန်ရှိသူကလည်း အဆိုပါ ညီလာခံသို့ တက်ရောက်မည့် ကိုယ်စားလှယ်များအရေအတွက်၊ နေရာချထားမှု၊
အခမ်းအနားကျင်းပမည့် အခြေအနေ များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ နေပြည်တော်ဟိုတယ်ဇုန်မှ
တာဝန်ရှိသူများက ဧည့်ခံကျွေးမွေးရေး ဆိုင်ရာပြင်ဆင်ထားမှုများကို အသီးသီးတင်ပြခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။
၎င်းနောက် မွန်းလွဲပိုင်းတွင်
နေပြည်တော်၊ အားကစားကျေးရွာရှိ ဧည့်သည်တော်များ တည်းခိုနေထိုင်ရာ Cluster 5 သို့ သွားရောက်ပြီး
အစားအသောက်များ ပြင်ဆင် ချက်ပြုတ်နေမှု၊ တည်းခင်းကျွေးမွေး နေမှုများကို ကြည့်ရှုသည်။
ပြည်ထောင်စုဝန်ကြီးသည် အဆိုပါ တည်းခိုဆောင်၌ ရောက်ရှိနေကြသော ဧည့်သည်တော်များနှင့်လည်း
ရင်းနှီးစွာတွေ့ဆုံနှုတ်ဆက်သည်။



No comments:
Post a Comment