နေပြည်တော်
ဇန်န၀ါရီ ၁၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန် သည် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဦးစိုးသိန်း၊
ဦးခင်မောင်စိုး၊ ဦးကျော်လွင်၊ ဒေါက်တာ သန်းအောင်၊ ဦးရဲထွဋ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ
ဗိုလ်ချုပ် မင်းနောင်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ကရင်ပြည်နယ်
ဘားအံမြို့သို့ ရဟတ်ယာဉ် များဖြင့် ရောက်ရှိ ရာ ပြည်နယ်ခေတ္တ ၀န်ကြီးချုပ် ဦးစောဝင်းထိန်၊
အရှေ့တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ကရင်အမျိုးသား အစည်း
အရုံး(KNU) ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည်
ဘားအံမြို့ သီရိကွင်း၌ကျင်းပသည့် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အခမ်းအနားသို့ တက်ရောက်သည်။
ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားသို့
ပြည်နယ်ခေတ္တ ၀န်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ် ၀န်ကြီးများ၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်
များ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ မြို့မိမြို့ဖများ၊
ကရင်တိုင်းရင်းသားများ၊ ပြည်နယ်သူ၊ ပြည်နယ်သား တိုင်းရင်းသား ညီအစ်ကို မောင်နှမ များ
နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ကရင်ပြည်နယ် ယဉ်ကျေးမှုအဖွဲ့များက
ကရင်အမျိုးသားနှစ် သစ်ကူး နေ့ အခမ်းအနားကို ကရင်ရိုးရာ ကျွဲချိုမှုတ်ပြီး ဖားစည်တီးကာ
ဖွင့်လှစ်ပေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ က ကရင်အမျိုးသားနှစ်သစ်ကူး
နှုတ်ခွန်း ဆက်စကားပြောကြားရာတွင် ကရင် တိုင်းရင်းသားတို့၏ နှစ်သစ်ကူး အထိမ်းအမှတ်၊
နှစ်သစ်မင်္ဂလာပြုခြင်းသည် နှစ်ဟောင်းမှ မကောင်းမှု မှန်သမျှကို နှစ်ဟောင်းနှင့်အတူ စွန့်ပယ်ခဲ့ပြီး
ရောက်ရှိလာသည့် နှစ်သစ်ကို မွန်မြတ်သော စိတ်ဓာတ်ဖြင့် ရွှင်လန်း ၀မ်းမြောက်စွာ ကြိုဆိုခြင်းဖြစ်ပါကြောင်း။
တစ်နည်းအားဖြင့် ကုန်လွန်ခဲ့သော နှစ်ဟောင်းအတွေ့အကြုံများမှ
အားနည်း ချက်များ၊ အားသာချက်များကို ပြန်လည် ဆန်းစစ်သုံးသပ်ပြီး နှစ်သစ် အခါသမယတွင်
စိတ်သစ်၊ အားမာန်သစ်များနှင့်အတူ ပြည်နယ်နှင့် နိုင်ငံတော် အကျိုးစီးပွားဖြစ်ထွန်းလာ
ရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ရန် အဓိဋ္ဌာန်ပြုခြင်း ဖြစ်ပါကြောင်း။
ကရင်တိုင်းရင်းသားတို့သည် နှစ်သစ်မင်္ဂလာကျင်းပရာတွင်
ရိုးရာဓလေ့အတိုင်း အတီးအမှုတ်၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပခြင်း၊ သက်ကြီးဝါကြီး ဘိုးဘွားများအား
ဂါရ၀ပြုပြီး ကောက်သစ်စားသောက်ဖွယ်များဖြင့် ပူဇော် ကန်တော့ကျွေးမွေးခြင်း၊ လက်ဆောင်
ပစ္စည်းများ ပေးကမ်းလှူဒါန်းခြင်း၊ လူမျိုးမရွေး၊ ဘာသာမရွေး လူအပေါင်း တို့အား ဆုတောင်းမေတ္တာပို့သခြင်း
စသည့် မွန်မြတ်သော ကရင်တိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှု အစဉ် အလာသည် ချစ်မြတ်နိုးဖွယ်ရာ
ဂုဏ်ဒြပ်ကို ထင်ဟပ်ပေါ်လွင် စေသကဲ့သို့ မိမိတို့ချစ်မြတ်နိုးသော ကိုယ်ပိုင် ယဉ်ကျေးမှု
အစဉ်အလာကောင်းများ ကို စောင့်ရှောက်ဖော်ထုတ်မြှင့်တင်ခြင်း၊ မိမိအမျိုးသားစာပေ၊ အမျိုးသား
ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ဖော်ထုတ်ခြင်းတို့သည်လည်း
ကောင်းမြတ် သော အစဉ်အလာကောင်းများ ဖြစ်ကြပါကြောင်း။
ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကို
မောင်နှမများသည် ခက်ခဲကြမ်းတမ်းသော ခရီးလမ်းကို ကာလကြာ ရှည်စွာ ဖြတ်သန်းလာခဲ့ရပြီး
တိုင်းရင်း သား ညီအစ်ကိုအချင်းချင်း သဘောထားမညီမျှမှုများကြောင့် ကရင်ပြည် နယ်သည် ဖွံ့ဖြိုးတိုးတက်မှု
နှောင့်နှေးခဲ့ရပါကြောင်း။
ယနေ့အချိန်တွင် ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးရောင်ခြည်များ
ရရှိခံစား နေရပြီး ဖွံ့ဖြိုးတိုးတက်မှု အခွင့် အလမ်းများလည်း ရရှိနေပြီဖြစ်ပါကြောင်း၊
ရရှိပြီးဖြစ် သော ငြိမ်းချမ်းရေးရလဒ်ကောင်းများကို ပိုမိုတိုး တက်ဖြစ်ထွန်းအောင် ဖော်ဆောင်ပြီး
ငြိမ်းချမ်းရေးအမွေကို သားစဉ်မြေးဆက် ခံစားနိုင်အောင် စဉ်ဆက် မပြတ် ထိန်းသိမ်း စောင့်ရှောက်သွားကြရမည်ဖြစ်ပါကြောင်း။
ယခင်က အကြောင်းအမျိုးမျိုးကြောင့် ဆောင်ရွက်ရန်
နှောင့်နှေး ခဲ့ရသည့် ပြည်နယ်သူ၊ ပြည်နယ်သားများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များကို ယခုအခါ အရှိန်အဟုန်မြှင့်ပြီး
ဆောင်ရွက် လျက်ရှိသောကြောင့် ပြည်သူများအေးချမ်းစွာဖြင့် သွားလာနေထိုင်လုပ်ကိုင်နိုင်ကြပြီဖြစ်ပါကြောင်း။
ကျေးလက်ဒေသ ဖွံ့ဖြိုးမှုနှင့်ဆင်းရဲ နွမ်းပါးမှုလျှော့ချရေး
လုပ်ငန်းစဉ်များကို လည်း အထောက်အကူပြု ကော်မတီများ ဖွဲ့စည်းပြီး နိုင်ငံတော်က တိုးချဲ့ချမှတ်ပေး
သော ရန်ပုံငွေများအပြင် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အထောက်အပံ့များကိုလည်း ရယူကာ ပြည်နယ်အတွင်း
ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွား လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူကို
ဗဟိုပြုသော အများပြည်သူ ၀န်ဆောင်မှု လုပ်ငန်းများကို အစိုးရဌာန ဆိုင်ရာများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ
ပူးပေါင်းပြီး ပွင့်လင်းမြင်သာစွာ အကောင်အထည်ဖော် ဖြည့်ဆည်း ဆောင် ရွက် ပေးလျက်ရှိပါ
ကြောင်း။
ကရင်တိုင်းရင်းသားတို့သည် ပင်ကိုယ်အားဖြင့်
ရိုးသားတည်ကြည်ခြင်း၊ သစ္စာရှိခြင်း၊ မေတ္တာတရား အစဉ်လက် ကိုင်ထားရှိခြင်း၊ ရိုင်းပင်းကူညီတတ်သည့်
စိတ်ဓာတ်ရှိခြင်းစသည့် မွန်မြတ်သော ဗြဟ္မစိုရ် တရား ပြည့်ဝသော လူမျိုးတစ်မျိုးအဖြစ်
ထင်ရှားလျက်ရှိပါကြောင်း။
ကရင်တိုင်းရင်းသားများနှင့်အတူ အသီးတစ်ရာအညှာတစ်ခု
ဆိုသကဲ့သို့ မြန်မာနိုင်ငံအတွင်း နှစ်ပေါင်း ထောင်ချီပြီး အေးအတူ ပူအမျှ နေထိုင်လာခဲ့ကြသော
တိုင်းရင်းသားမျိုးနွယ်စုများသည် နေထိုင်ရာဒေသ အလိုက် ယဉ်ကျေးမှု ဓလေ့ထုံးတမ်း၊ ဘာသာစကား
ကွဲပြားခြားနားသော်ငြား အနှစ်သာရအားဖြင့် တစ်သွေး တည်း တစ်သား တည်း တစ်အူတုံဆင်း ညီအစ်ကိုများဖြစ်သည်နှင့်အညီ
တိုင်းရင်းသား အချင်းချင်း ပြည်ထောင်စု စိတ်ဓာတ်နှင့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြင့်
ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး အစဉ်အလာကောင်းများကိုလည်း ထာဝရတည်မြဲနေရမည် ဖြစ်ပါကြောင်း။
ယခုအခါ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည်
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘက်စုံမှ တိုးတက် ပြောင်းလဲမှုများနှင့်အတူ နှစ်သစ်အခါသမယတွင်
ကရင် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများက ရရှိထားပြီး ဖြစ်သော ဒေသ တွင်း တည်ငြိမ်
အေးချမ်းမှု၊ ငြိမ်းချမ်းသာယာမှု၊ စည်လုံးညီညွတ်မှု၊ ဖွံ့ဖြိုးတိုးတက်မှု အခြေခံကောင်း
များကို ဆက်လက်ထိန်းသိမ်း သွားပြီး ရေရှည်တည်တံ့ခိုင်မြဲ၍ စဉ်ဆက်မပြတ် တိုးတက် ဖြစ်ထွန်းရေး
အတွက် ပြည်ထောင်စုစိတ်ဓာတ်သည်သာလျှင် တိုင်းရင်းသားအားလုံး ထာဝစဉ် ထိန်း သိမ်း စောင့်ရှောက်ရမည့်
စစ်မှန်သော မျိုးချစ်စိတ် ဓာတ်ဖြစ်ကြောင်း ခံယူကာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး
ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန် အရေးသုံးပါးကို
အစဉ် အလေးထားပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ကရင်ပြည်
နယ်ကို ဘက်စုံဖွံ့ဖြိုးတိုး တက်သော ပြည်နယ် တစ်ခုဖြစ်အောင် ပြည်နယ် အတွင်း နေထိုင်ကြသော
တိုင်းရင်းသား ပြည်သူများအားလုံးက စည်းလုံးညီ ညွတ်စွာဖြင့် ဆောင်ရွက် သွားကြရန် တိုက်တွန်းလိုကြောင်း
ပြောကြားသည်။
ဆက်လက်၍ အခမ်းအနား သဘာပတိ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ
ဦးစောအောင်ကျော်မင်းက ကရင် အမျိုးသားနှစ်သစ် ကူးနေ့ နှုတ်ခွန်း ဆက်စကား ပြောကြားသည်။
ယင်းနောက် ကရင်ပြည်နယ် ပညာရေးကောလိပ်မှ
ကျောင်း သား၊ ကျောင်းသူ လေးများက ကရင်အမျိုးသား နှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံ အကျဉ်းအား
မြန်မာဘာသာ၊ ပိုးဘာသာ၊ စကောဘာသာတို့ဖြင့် ဖတ်ကြား တင်ပြကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ဂုဏ်ပြုခံ
အထင်ကရ သက်ကြီးကရင်အဘိုး အဘွားများအား ဂုဏ်ပြု လက်ဆောင်များ ပေးအပ်သည်။
ဆက်လက်၍ ကရင်သက္ကရာဇ် ၂၇၅၅ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့
အခမ်းအနားသို့ ပေးပို့လာသည့် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ သ၀ဏ်လွှာကို မှတ်တမ်းတင်သည်။
ယင်းနောက် တက်ရောက်လာကြသူများက ဘင်ခရာအဖွဲ့နှင့်အတူ
စည်းလုံးခြင်း သည် အင်အားဟု အဓိပ္ပါယ် ရသော သီချင်းကိုသီဆို၍ ကရင်အမျိုးသားနှစ်သစ်ကူးနေ့
အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် အဆိုပါကွင်း၌ ဆက်လက်ကျင်းပ သည့် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ ဖီ့ဗူးယော် ကောက်သစ်စားပွဲတော်သို့ တက်ရောက်သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် အဆိုပါကွင်း၌ ဆက်လက်ကျင်းပ သည့် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ ဖီ့ဗူးယော် ကောက်သစ်စားပွဲတော်သို့ တက်ရောက်သည်။
ကောက်သစ်စားပွဲတော်တွင် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်နှင့် ကရင်အမျိုးသား အစည်းအရုံး(KNU) ဥက္ကဋ္ဌ တို့က ငြိမ်းချမ်းရေးချိုးငှက်များလွှတ်၍
အခမ်းအနားကို ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာကြသူများက ဖီ့ဗူး ယော်ဆုတောင်း တေးသီချင်းကို
သီဆိုကြသည်။
နိုင်ငံတော်သမ္မတသည် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်
ကျင်းပ ရေးကော် မတီမှ တာဝန်ရှိသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး အမှတ်တရ လက်ဆောင်
ပစ္စည်း များ အပြန်အလှန်ပေးအပ်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည်
တိုင်းရင်းသား ညီအစ်ကို မောင်နှမများနှင့်အတူ ကောက်သစ် စားပွဲတော်အထိမ်းအမှတ်အဖြစ်
ကရင်ရိုးရာအစား အသောက်များကို သုံးဆောင်ကြပြီး တက်ရောက်လာကြ သည့် ဧည့်သည်တော်များအား
ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ကရင်နှစ်သစ်ကူးနေ့အဖြစ် ပြာသိုလဆန်း ၁
ရက်နေ့ကို တရားဝင်ရုံးပိတ်ရက် အဖြစ် သတ်မှတ်ပေးရန် ကရင် အမျိုးသားလွှတ်တော်အမတ်များက
၁၉၃၇ ခုနှစ်မှ စတင်၍ ဗြိတိသျှအစိုးရထံ တောင်းဆိုခဲ့ကြပြီး တောင်ငူ အမတ် စောဂျွန်ဆင်ဒီဖိုးမင်းက
၁၉၃၇ခုနှစ်၊ သြဂုတ် ၂ ရက်နေ့တွင် အဆိုကို လက်မှတ်ရေးထိုးကာ ဥပဒေပြု အောက်လွှတ်တော် သို့
တင်သွင်းခဲ့သည်။
ထို့နောက် ဘုရင်ခံက (Negotiable
Instrument Act) အရ အများပြည်သူ အစိုးရရုံးပိတ်ရက်အဖြစ် ၁၉၃၈ ခုနှစ် ဇန်န၀ါရီ ၁ ရက်
( မြန်မာသက္ကရာဇ် ၁၂၉၉ ခုနှစ် ပြာသိုလဆန်း ၁ ရက်နေ့) တွင် ထုတ်ပြန် ကြေညာ ခဲ့သည်။
ထိုမှစ၍ နှစ်စဉ် ပြာသိုလဆန်း ၁ ရက်နေ့ရောက်တိုင်း
ကရင်နှစ်သစ်ကူးနေ့ကို ကျင်းပခဲ့ကြခြင်းဖြစ်သည်။
ကောက်ဦးစားပွဲနှစ်သစ်ကူးခြင်းကို ရည်ရွယ်ချက်အားဖြင့်
သုံးရပ်ထား ရှိကြောင်း သိရသည်။ ပထမရည် ရွယ်ချက်မှာ တောင်ယာ လုပ်ငန်းထုတ် လုပ်မှုကို
အားဖြည့်ပေးခြင်း၊ ကူညီစောင့်ရှောက်ခြင်းပြုသော စပါးစောင့် နတ်သမီးနှင့် နတ်ကောင်းနတ်မြတ်များအား
ပူဇော်ပသခြင်းနှင့် နှစ်ဆန်း အချိန်ခါတွင် နှစ်ဟောင်းမှ မကောင်း သော ကြံစည်စိတ် ကူးလုပ်ရပ်များ၊
အညစ်အကြေးများကို ဆေးကြောဖယ်ရှား၍ သစ်လွင်သော နှစ်သစ်ကို မွန်မြတ်သောစိတ်ဓာတ်ဖြင့်
ကြိုဆိုခြင်းပြုရန်ဖြစ်သည်။
ဒုတိယရည်ရွယ်ချက်မှာ နှစ်သစ်ကူးကျရောက်၍
ကောက်ဦးစားပွဲ ကျင်းပရာမှ တွေ့ဆုံကြခိုက်တွင် စားသောက် နေထိုင်မှု၊ နောင်အခါများအတွက်
လုပ်ကိုင်စား သောက်မှုတို့ကို အချင်းချင်းညှိနှိုင်းအကြံပေးခြင်း၊ အချင်းချင်း ကူညီပေးမှုများ
ပြုခြင်းဖြစ်ပြီး တတိယရည်ရွယ်ချက်မှာ ကောက်ဦးစားပွဲကို တပျော်တပါးဆင်နွှဲ၍ အချင်းချင်းသွေးစည်းချစ်ကြည်မှုကို
တိုးတက်တည်ဆောက်နိုင်ရန်ဖြစ်ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်သမ္မတ နှင့် အဖွဲ့သည်
မော်တော်ယာဉ်များဖြင့် ကရင်ပြည် နယ် ယဉ်ကျေးမှုပြတိုက်သို့ ရောက်ရှိပြီး ပြတိုက်အတွင်း
ခင်းကျင်းပြသထား သည့် ကျောက်၊ သံနှင့် ကြေး ခေတ်ယဉ်ကျေးမှုများ၊ ပျူ၊ ပုဂံ၊ ဟံသာဝတီနှင့်
ကုန်းဘောင် ခေတ်ယဉ်ကျေးမှုများ၊ စာပေပြခန်း၊ တိုင်းရင်းသားမျိုးနွယ်စုပြခန်း၊ ရိုးရာဓလေ့ပြခန်း၊
ဗုဒ္ဓအနုပညာပြခန်းနှင့် ရှေးဟောင်းအမွေအနှစ်ပြခန်းများကို လှည့်လည်ကြည့်ရှုသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည်
ဘားအံတက္ကသိုလ်၌ ဘားအံ တက္ကသိုလ်၊ အစိုးရနည်းပညာ တက္ကသိုလ်၊ အစိုးရကွန်ပျူတာတက္ကသိုလ်၊
ပညာရေး ကောလိပ်၊ သူနာပြုသင်တန်းကျောင်း၊ စက်မှုအထက် တန်းကျောင်းနှင့် စိုက်ပျိုး ရေးအ
ထက်တန်းကျောင်းတို့မှ ဆရာဆရာ မများ၊ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက ပြီးခဲ့သည့်
ငါးနှစ်ကာလအတွင်း ပြည်သူ့ ဆန္ဒနှစ်ရပ်ဖြစ်သည့် တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်နိုင်
ရန် အတွက် နိုင်ငံရေး၊ စီးပွားရေး၊အုပ်ချုပ်ရေုးဆိုင်ရာ ပြုပြင်ပြောင်း လဲမှုများ
ဆောင်ရွက်ခဲ့မှု အခြေအနေနှင့် ရရှိခဲ့သည့်အောင်မြင်မှုများ၊ ဆက်လက် ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်
များ၊ လွတ်လပ်ပြီးတရားမျှတ သည့်ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပခဲ့ပြီး နောက်
ပြည်သူ ကရွေးချယ်သည့် အစိုးရသစ်အား တည်ငြိမ်အေးချမ်းစွာ တာဝန်လွှဲပြောင်း နိုင်ရေးအတွက်
ဆောင်ရွက် နေမှုအခြေအနေများ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် လူ့စွမ်းအား
အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ပညာရေးကဏ္ဍကသာ ဖြည့်ဆည်းပေးနိုင်သည့် အတွက် ကျောင်းသား
ကျောင်းသူများကို ပညာတတ်အောင်၊ မိမိဘ၀ဖွံ့ဖြိုးတိုးတက်မှုအတွက် ပညာကို အသုံးချ တတ်
အောင် သင်ကြားပေးရန် လိုအပ်မှု၊ ကျောင်းသားကျောင်းသူများ ကိုစည်းကမ်းကောင်းအောင်၊
ကို်ယ်ကျင့်တရား ကောင်းအောင်၊ ပြည်ထောင်စု
စိတ်ဓာတ်ရှိအောင် သင်ကြားပေးရန် လိုအပ်မှုများကို ရှင်းလင်း ဆွေးနွေးသည်။
ထို့နောက် ဘားအံမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌
ကျင်းပ သည့် မြရွှေဝါ ကျောင်းဆောင် သစ်ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်သည်။ အခမ်းအနားတွင်
မြရွှေဝါကျောင်းဆောင်သစ်ကို ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း၊ ပြည်နယ်ခေတ္တ၀န်ကြီးချုပ်
ဦးစောဝင်းထိန်နှင့် ပြည်နယ် လူမှုရေးဝန်ကြီး ဦးချစ်လှိုင်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက မြရွှေဝါကျောင်းဆောင်သစ်
ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ် ပေးသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် အခမ်းအနားသို့
တက်ရောက်လာသည့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ တိုင်းရင်းသား တိုင်းရင်းသူများနှင့်
အတူ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ပြီး ကျောင်းဆောင် သစ်အတွင်း လှည့်လည် ကြည့်ရှုသည်။
ယနေ့ဖွင့်လှစ်လိုက်သည့် မြရွှေဝါကျောင်းဆောင်သစ်သည်
အလျားပေ (၁၃၀)၊ အနံပေ (၃၀)၊ အာစီကွန် ကရစ်နှစ်ထပ်ကျောင်းဆောင်သစ်ဖြစ်ပြီး ပညာရေး ၀န်ကြီးဌာန
အခြေခံပညာဦးစီးဌာန ရန်ပုံငွေကျပ်သန်း (၁၄၀ ဒသမ ၄၀၀) အကုန်ကျခံတည် ဆောက်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
ညနေပိုင်းတွင် နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များနှင့်အတူ
ရွှေယဉ်မျှော်ဘုရားသို့ သွားရောက်ဖူးမြော် ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် အလှူငွေများကို
ဆက်ကပ် လှူဒါန်းသည်။
ညပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည်
ပြည်နယ်ခေတ္တ ၀န်ကြီးချုပ်က ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အဖြစ် တည်ခင်းဧည့်ခံသည့်
ညစာစားပွဲ သို့ တက်ရောက်သည်။
ညစာစားပွဲအပြီးတွင် နိုင်ငံတော် သမ္မတသည်
ဖျော်ဖြေတင်ဆက်ကြသည့် ဘားအံမြို့နယ် ဂီတအစည်း အရုံး ဝင်များနှင့် ဘားအံပညာရေး ကောလိပ်မှ
သင်တန်းသား သင်တန်း သူများအား ဂုဏ်ပြုပန်းခြင်းပေးအပ် ပြီး တစ်ဖွဲ့လျှင် ငွေကျပ် ၂၅
သိန်းစီ ပေးအပ်ချီးမြှင့်သည်။



No comments:
Post a Comment