Monday, January 11, 2016

ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၂၆ ရက်မြောက်နေ့ကျင်းပ




နေပြည်တော် ဇန်န၀ါရီ  ၁၁

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၂၆ ရက်မြောက် နေ့ကို ယနေ့နံနက် (၁၀)နာရီတွင် ကျင်းပရာ ဥပဒေကြမ်း(၁၄)ခုအား လွှတ်တော်၏ အဆုံး အဖြတ်ရယူသည်။


အစည်းအဝေးတွင် နျူကလီးယား ဘေးအန္တရာယ်ကင်းရှင်းရေး ဥပဒေကြမ်း၊ မြေသိမ်း အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက် ရေးဥပဒေကြမ်းတို့ကို လွှတ်တော်၏အဆုံးအဖြတ်ရယူရာ လွှတ်တော်က ယင်းဥပဒေကြမ်းများအား လတ်တလော ဆက်လက် ဆောင်ရွက်ခြင်းမပြုဘဲ ပြည်သူ့လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိရန်နှင့် ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့ရန် အတည်ပြု ဆုံးဖြတ်သည်။

ဆက်လက်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ပေးပို့သော စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ ကြမ်း၊ တီထွင်မှုမူပိုင်ခွင့် ဥပဒေကြမ်း၊ မူပိုင်ခွင့်ဥပဒေကြမ်း၊ ကုန်အမှတ်တံဆိပ်ဥပဒေကြမ်းနှင့် နိုင်ငံခြားရေး ၀န်ကြီးဌာနက တင်သွင်းသော သံအမတ်ကြီးများဆိုင်ရာဥပဒေကြမ်းတို့ကို လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က ယင်းဥပဒေကြမ်းများအား လတ်တလော ဆက် လက်ဆောင်ရွက်ခြင်း မပြုဘဲ ပြည်သူ့လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိရန်နှင့် ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည်ပေးပို့ရန် အတည်ပြုဆုံးဖြတ်သည်။

ယင်းနောက် ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှုအက်ဥပဒေ အက်ဥပဒေအမှတ် (၁၇/၅၀) ကို ပြင်ဆင်သည့်ဥပဒေကြမ်းအား လွှတ်တော်၏အဆုံးအဖြတ်ရယူရာ လွှတ်တော်က ယင်းဥပဒေကြမ်းကို ဆက်လက်ဆွေးနွေးခြင်း မပြုဘဲ မှတ်တမ်းတင်ထားရှိရန် ဆုံးဖြတ်သည်။


ဆက်လက်၍ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌက မြန်မာနိုင်ငံစာရင်းအင်းဥပဒေကြမ်း၊ ပုဂ္ဂလိကပညာရေး ဥပဒေကြမ်း၊ အကျဉ်းထောင်များဥပဒေကြမ်း၊ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေးအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း၊ လက်နက်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။ 

No comments:

Post a Comment