ရန်ကုန်
ဇန်နဝါရီ ၂၃
ဗီယက်နမ်နိုင်ငံ အခြေစိုက် အာမခံပွဲစားကုမ္ပဏီရုံးဖြစ်သည့်
AEGIS Company Limited ဌာနေရုံးခွဲ ရန်ကုန်မြို့၌ ဖွင့်လှစ်သည့်အခမ်းအနားကို ရန်ကုန်မြို့
နိုဗိုတယ်ဟိုတယ်တွင် ယနေ့ကျင်းပခဲ့ရာ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းနှင့်
AEGIS ဌာနေရုံးအကြီးအကဲ Dr. Nang Sihar Noan က ကြိုဆို နှုတ်ခွန်း ဆက်စကာပြောကြားခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် ဘဏ္ဍာရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး၊ မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်း၊ AEGIS
အကြီးအကဲနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ Business Councillor ဗီယက်နမ်နိုင်ငံ
စီးပွားရေးသံမှူးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး တာဝန်ရှိသူများက ဖဲကြိုးဖြတ်
ဖွင့်လှစ်ပေးသည်။
အဆက်မပြတ် ဖွံ့ဖြိုးမှုဟု အဓိပ္ပာယ်ရသည့်
AEGIS အာမခံ ပွဲစားကုမ္ပဏီသည် တစ်ဆင့်အာမခံလုပ်ငန်းများ ဖွံ့ဖြိုးလာစေရေး၊ နိုင်ငံတွင်း အာမခံလုပ်ငန်းဖွံ့ဖြိုးလာရန် အခွင့်အလမ်းကောင်းများ ဖန်တီးပေးခြင်း၊ ဈေးကွက် သုတေသနပြုခြင်း၊
နိုင်ငံတကာမိတ်ဖက်များဖြင့် ကိုယ်စားချိတ်ဆက်ပေးခြင်း၊ နည်းပညာပေါင်းစပ် လုပ်ဆောင်
ခြင်း၊ အတွေ့အကြုံများကို မျှဝေသင်ကြားပေးခြင်းတို့ဖြင့် အာမခံဈေးကွက်နှင့်တစ်ဆင့်အာမခံ
ဈေးကွက်များကို ဖော်ဆောင်သွားရန် ရည်ရွယ်ကာဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံခြားမှအာမခံကုမ္ပဏီများသည်
မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်ပြီး သုံးနှစ်ကြာမှ လုပ်ပိုင်ခွင့်ရရှိမည်ဖြစ်သည်။

No comments:
Post a Comment