Wednesday, January 27, 2016

“ဒို့ကျေးရွာအလှ ရှုမ၀” ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဆုရရှိသူများစာရင်း ထုတ်ပြန်ကြေညာ



ရန်ကုန်၊ ဇန်နဝါရီ ၂၆
ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ ဝန်ထမ်းများအား ဓာတ်ပုံပညာ တိုးတက်မြင့်မား လာစေရန် ရည်ရွယ်၍ “ဒို့ကျေးရွာအလှ ရှုမ၀” ရောင်စုံ ဓာတ်ပုံပြိုင်ပွဲ ကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဓာတ်ပုံပြိုင်ပွဲတွင် ပြိုင်ပွဲဝင် (၁၆၇) ဦးက ဓာတ်ပုံပေါင်း (၃၆၆) ပုံ ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိခဲ့ကြသည့် အမည် စာရင်းအား ပြိုင်ပွဲစိစစ် အကဲဖြတ် အဖွဲ့ က ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်နေ့တွင် ထုတ်ပြန်ကြေညာ ခဲ့ပါသည်။

ဆုရရှိသူများ
“ဒို့ကျေးရွာ အလှ ရှုမ၀” ရောင်စုံ ဓာတ်ပုံပြိုင်ပွဲတွင် ပထမဆု ဦးဝေဖြိုးအောင် (ချမ်းမြသာစည် မြို့နယ်ရုံး)၊ ဒုတိယဆု ဦးဇော်ဝင်းအောင် (ရမည်းသင်း ခရိုင်ရုံး)၊ တတိယဆု ဦးရဲသူရအောင် (ညောင်ဦး ခရိုင်ရုံး)တို့ ရရှိကြသည်။ အထူးဆု (၅) ဆုအဖြစ် ဦးနန်ရှင်းခိုင် (ရုံးချုပ်)၊ ဦးကျော် သန်း (ပေါက်တော မြို့နယ်ရုံး)၊ ဦးနန်ရှင်းခိုင် (ရုံးချုပ်)၊ ဦးသန်းနိုင်ဦး(ငဖဲမြို့နယ်ရုံး)နှင့် ဦးရန်နိုင်ထွန်း (ကျွန်းစု မြို့နယ်ရုံး) တို့က အသီးသီး ရရှိခဲ့ကြ ပါသည်။
ဆုချီးမြှင့်ခြင်း
“ဒို့ကျေးရွာအလှ ရှုမ၀” ရောင်စုံ ဓာတ်ပုံပြိုင်ပွဲတွင် ဆုရရှိကြသူများအား ၂၀၁၆ ခုနှစ်၊ ဖေဖော် ဝါရီလတွင် ရန်ကုန်မြို့၌ ဆုပေးပွဲ အခမ်းအနားဖြင့် ဆုများပေး အပ်ချီးမြှင့်မည် ဖြစ်ပြီး ဆုပေး အပ်မည့် ရက်ကို ထပ်မံကြေညာမည် ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment