Tuesday, December 29, 2015

ထီးချိုင့်၊ ကသာ၊ ရေးနှင့် မုံရွာ ရုပ်သံထပ်ဆင့်လွှင့်စက်ရုံများမှ FM စနစ်ဖြင့် စတင်၍ စမ်းသပ်ထုတ်လွှင့်

နေပြည်တော် ဒီဇင်ဘာ ၂၈

မြန်မာ့အသံနှင့်ရုပ်မြင့်သံကြားသည် မြန်မာ့အသံ FM ရေဒီယိုလွှင့်စက်များ တိုးချဲ့တပ်ဆင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ပထမအဆင့်တွင် စက်ရုံ ၁၉ ရုံကိုလည်းကောင်း၊ ဒုတိယအဆင့်တွင် စက်ရုံ ၃၅ ရုံကိုလည်းကောင်း ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်သည်။


၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် တတိယအဆင့် ဆောင်ရွက်သွားမည့် FM လွှင့်စက်ရုံ ၂၅ ရုံအနက် ထီးချိုင့်စက်ရုံတွင် ဒီဇင်ဘာ ၃ ရက်မှ စတင်၍ လွှင့်အား 150W၊ လှိုင်းနှုန်း (88.0MHz)ဖြင့် စမ်းသပ်ထုတ်လွှင့်လျက်ရှိရာ အဆိုပါ ထုတ်လွှင့်မှုကို ထီးချိုင့်မြို့ပေါ်ရပ်ကွက် လေးရပ်ကွက် ကြက်သွန်းခင်း၊ မြတောင်၊ မောင်းကုန်း၊ ပေါက်နက် အထိလည်းကောင်း၊ ကသာစက်ရုံတွင် ဒီဇင်ဘာ ၇ ရက်မှ စတင်၍ လွှင့်အား 150W၊ လှိုင်းနှုန်း (89.2MHz) ဖြင့် စမ်းသပ်ထုတ်လွှင့်လျက်ရှိရာ အဆိုပါထုတ်လွှင့်မှုကို ကသာမြို့ပေါ်ရပ်ကွက် (၁ဝ)ရပ်ကွက်၊ ပြည်သာယာ၊ ပုလွေရွှေ၊ တုန်းပေါ၊ မိသလင်း အထိလည်းကောင်း၊ ရေးစက်ရုံတွင် ဒီဇင်ဘာ ၁၃ ရက်မှစတင်၍ လွှင့်အား 150 W၊ လှိုင်းနှုန်း (89.2MHz)ဖြင့် စမ်းသပ်ထုတ်လွှင့်လျက်ရှိရာ အဆိုပါထုတ်လွှင့်မှုကို ရေးမြို့ ပေါ်ရပ်ကွက် (၉)ရပ်ကွက်၊ ဘုရားကြီး၊ ကျောက်မိကျောင်း၊ ကလော့ကြီး၊ ဒူးယား၊ အဇင်၊ ကိုးမိုင်၊ ဟန်ဂံ၊ စုံနန့်သာ၊ အာယုတောင်၊ ကုပ္ပဝတီ၊ တောင်ပုံ၊ တောင်ပြင် အထိလည်းကောင်း၊ မုံရွာစက်ရုံတွင် ဒီဇင်ဘာ ၁၅ ရက်မှစတင်၍ လွှင့်အား 1KW၊ လှိုင်းနှုန်း(89.8MHz)ဖြင့် စမ်းသပ်ထုတ်လွှင့် လျက်ရှိရာ အဆိုပါထုတ်လွှင့်မှုကို မုံရွာမြို့ပေါ်ရပ်ကွက် (၅)ရပ်ကွက်၊ သာစည်၊ အရာတော်၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ပုလဲ၊ ကနီ၊ရေစကြို၊ ချောင်းဦး၊ မြင်းခြံ၊ မြောင်၊ အလုံ၊ ဘုတလင်၊ ဒီပဲယင်းမြို့များ အထိလည်းကောင်း ကောင်းမွန်စွာ ဖမ်းယူ ရရှိနိုင်သည်။


တတိယအဆင့်စက်ရုံ(၂၅)ရုံအနက် အထက်ဖော်ပြပါ စက်ရုံ ၄ ရုံမှ မြန်မာ့အသံ FM ရေဒီယိုအစီအစဉ်များကို FM စနစ်ဖြင့် စမ်းသပ်ထုတ်လွှင့် လျက်ရှိပြီး ကျန်ရှိသည့်စက်ရုံများတွင် စက်ပစ္စည်းများ တပ်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment