Tuesday, December 29, 2015

စာဖြေသံဃာများနှင့် စာထောက်စာမ ဆရာတော်ကြီးများအား ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ကြည်ညို


ရန်ကုန် ဒီဇင်ဘာ ၂၈
သာသနာရေးဝန်ကြီးဌာန သာသနာရေးဦးစီးဌာနကကြီးမှူး ကျင်းပသည့် တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကို ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတော်ကြီး၌ ဒီဇင်ဘာ ၂၇ ရက်မှ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက်အထိ ကျင်းပလျက်ရှိသည်။


သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ဒီဇင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ကမ္ဘာအေး ကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတော်ကြီး၌ ကျင်းပသော တိပိဋကဓရ၊ တိပိဋက ကောဝိဒ ရွေးချယ်ရေးစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုနေကြသော စာဖြေသံဃာတော်များနှင့် စာထောက်စာမ ဆရာတော်ကြီးများအား သွားရောက် ဖူးမြော် ကြည်ညိုသည်။

No comments:

Post a Comment