Monday, December 28, 2015

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်အား တရုတ်နိုင်ငံ၊ CATIC Beijing Co., Ltd. ၏ Vice President ဖြစ်သူ Mr. Wang Guangjun ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ


နေပြည်တော်၊ ဒီဇင်ဘာ(၂၈)

စက်မှုဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးမောင်မြင့်အားတရုတ်နိုင်ငံ၊ CATICBeijing Co., Ltd. ၏ Vice President  Mr. Wang Guangjun ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့၊ နံနက်(၈) နာရီတွင် စက်မှုဝန်ကြီးဌာန၌ လာရောက်တွေ့ဆုံပြီးစက်မှုဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် Automobile Mould& Die Manufacturing Project နှင့် Truck Axle Manufacturing Project တို့အား၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် ဖွင့်လှစ်နိုင်ရေး၊စာချုပ်ပါ စည်းကမ်း များအတိုင်းစက်ပစ္စည်းအစိတ်အပိုင်း (၁၄) မျိုးအားစမ်းသပ် ထုတ်လုပ် နိုင်ရေး၊ စမ်းသပ်ထုတ်လုပ်မှုအောင်မြင်ပါက Final Acceptance Certificate(FAC) ပေးနိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။


အဆိုပါ တွေ့ဆုံဆွေးနွေးပွဲများသို့ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment