နေပြည်တော် ဒီဇင်ဘာ
၂၉
ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုတွင်
အခြေခံကျသော စက်မှုကျွမ်းကျင် လုပ်သားလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်
ရွေ့လျားသင်တန်းများအစီအစဉ်ဖြင့် စက်မှုနှင့်အသက်မွေးပညာရပ်များကို ကျေးလက်ဒေသများ အရောက်
လိုက်လံဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ အလားတူ
အမှတ်(၁) စက်မှုသင်တန်းကျောင်း(ဆင်တဲ)တွင် ကာလတို(၃)လ သင်တန်း အမှတ်စဉ်(၃)အား
ဒီဇင်ဘာ ၂၈ ရက်တွင် နံနက်(၉)နာရီတွင် သင်တန်းဖွင့်ပွဲ အခမ်းအနားအား သင်တန်းကျောင်းရှိ
စုဝေးခန်းမတွင် ကျင်းပသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့
စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်
ဦးကိုကိုလွင်နှင့် တာဝန်ရှိသူများ၊ ပန်းတောင်း စက်မှုနယ်မြေရှိ စက်ရုံမှူးများ၊ ဖိတ်ကြားထားသည့်
ဧည့်သည်တော်များ၊ သင်တန်းဆရာ/ဆရာမ များနှင့် သင်တန်းသား/သူများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်
ဦးကိုကိုလွင်မှ သင်တန်းဖွင့်မိန့်ခွန်း ပြောကြားသည်။ အဆိုပါ သင်တန်းသား/သူများအား အိမ်သုံးလျှပ်စစ်
သွယ်တန်းခြင်းနှင့် မော်တာသင်တန်း၊ စိုက်ပျိုးရေးသုံး အင်ဂျင်နှင့် မော်တော်ဆိုင်ကယ်အင်ဂျင်
ပြုပြင်ခြင်းသင်တန်းနှင့် သံဂဟေဆက်နှင့် ပိုက်ဆက်၊ပိုက် ပြင်ခြင်းသင်တန်းများအား သင်ကြားပို့ချပေးမည်
ဖြစ်ပြီး သင်တန်းသား/သူ(၆၄)ဦး တက်ရောက် ခဲ့ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment