Wednesday, December 30, 2015

အဖိုးမဖြတ်နိုင်သည့် မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ပြည်သူများ၏ ကျန်းမာရေးမြှင့်တင်နိုင်ခြင်းမှသည် အာဆီယံတိုင်းရင်းဆေးဈေးကွက်အထိထိုးဖောက်ရန် တိုင်ရင်းဆေးဆရာများ ကြိုးပမ်းသွားကြမည်




နေပြည်တော် ဒီဇင်ဘာ ၂၉

မြန်မာ့တိုင်းရင်းဆေးလောက ဘက်စုံအဆင့်အတန်းမြင့်မားရေးနှင့် မြန်မာ့တိုင်းရင်းဆေးပညာ အရည်အသွေး တိုးတက်ရေး၊ မြန်မာ့တိုင်းရင်းဆေးဆရာများ၏ ကျင့်ဝတ်သိက္ခာမြင့်မားရေးနှင့် မြန်မာ့ တိုင်းရင်းဆေးပညာဖြင့် ပြည်သူများ ကျန်းမာရေးပိုမိုစောင့်ရှောက်နိုင်ရေး၊ အထူးသဖြင့် အာဆီယံ တိုင်းရင်းဆေးဈေးကွက်သို့ မြန်မာ့တိုင်းရင်းဆေးများ ဖြန့်ဖြူးရောင်းချနိုင်ရေးကို ရှေးရှုကာ မြန်မာ့ တိုင်းရင်းဆေးသမားတော်များညီလာခံကို နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာတွင် ကျင်းပလျက်ရှိရာ တိုင်းရင်းဆေးထုတ်လုပ်သူများနှင့် သမားတော်များ၏ မြန်မာ့တိုင်းရင်းဆေးလောက တိုးတက်မှုဖြစ်စဉ်များနှင့် ဆောင်ရွက်နေသည့် လုပ်ဆောင်ချက်များကို မေးမြန်းခဲ့ပါသည်။


ဒေါ်မေဖြူနိုင်အောင်ဟိန်း၊ အဘထ 
တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး
မြန်မာ့တိုင်းရင်းဆေး သမား တော်တွေ တစ်နှစ်တစ်ကြိမ်တွေ့ဆုံ ကြပြီး ပညာရပ်တွေ၊ အတွေ့အကြုံ တွေနဲ့ခံစားချက်တွေ နှီးနှောဖလှယ် ခွင့်ရတာ အလွန်ကျေးဇူးတင်စရာ ကောင်းပါတယ်။ အခုအချိန်မှာ တိုင်းရင်းဆေးနဲ့ ကျန်းမာရေးအသိပေး လုပ်ငန်းတွေဟာ ကျေးလက်အထိ ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့်ဆောင် ရွက်နေကြတာ အားရပါတယ်။ အဘထ တိုင်းရင်းဆေးအနေနဲ့ ကတော့ တိုင်းရင်းဆေး ၁ဝ မျိုးကို ထုတ်လုပ်ဖြန့်ချိနေပြီး အဓိက ကတော့ ရှူဆေး၊ အနာဘုရင်လိမ်းဆေး၊ သွေးတိုးကျဆေးတွေကို အဓိကထား ထုတ်နေပါတယ်။ ခေတ်စနစ်နဲ့အညီ ခိုင်မာတဲ့ သုတေသနပြုလုပ်ချက်တွေ ကြောင့် တိုင်းရင်းဆေးရဲ့ အဆင့် အတန်းက ပိုပြီးမြင့်မားလာမယ်လို့ ယုံကြည်ထားပါတယ်။

ဦးကြည်ဝင်း၊ ဆန္ဒမွန် 
တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး
မြန်မာ့တိုင်းရင်းဆေး ပညာက ရှေးဘိုးဘွားလက်ထက်ကတည်းက သမားစဉ်ဆက်ကုထုံးကုကွက်ရော၊ ရောဂါရှာဖွေတဲ့ နည်းပညာတွေမှာပါ မှတ်တမ်းမှတ်ရာနဲ့ စနစ်ကျခဲ့ပါတယ်။ ဒီလိုရိုးရာအမွေအနှစ်တွေကို ဖော် ထုတ်ပြီးခေတ်စနစ်နဲ့အညီ သုတေ သနပြုလုပ်ချက်တွေကို အခြေပြုလို့ အစွမ်းထက်တဲ့ မြန်မာတိုင်းရင်း ဆေးဝါးတွေကို စနစ်တကျထုတ်လုပ် ဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းဆေးသမားတော်တွေ၊ တိုင်း ရင်းဆေး ထုတ်လုပ်သူတွေအနေနဲ့ ကောင်းမွန်တဲ့ ထုတ်လုပ်မှုကျင့်စဉ် တွေနဲ့အညီ အရည်အသွေးပြည့်တဲ့ ဆေးတွေ ထုတ်လုပ်နိုင်ကြပါပြီ။ နောက်ပိုင်းမှာ အာဆီယံတိုင်းရင်း ဆေးဈေးကွက်အထိ ထိုးဖောက်နေရာ ယူနိုင်ဖို့ စုပေါင်းပြီး ကြိုးစားကြရမှာ ဖြစ်လို့ အခုလိုတစ်နှစ်တစ်ခါ တွေ့ဆုံခွင့်ရတဲ့ ညီလာခံကနေ အများကြီး အထောက်အကူဖြစ်ပါ တယ်။

ဒေါ်ရင်ရင်တင့်၊ ဇွဲရတနာ 
တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး
တိုင်းရင်းဆေးတွေကို ကျွန်မတို့ နိုင်ငံမှာတင်မဟုတ်ပါဘူး။ နိုင်ငံ တကာမှာလည်း စနစ်တကျထုတ်လုပ် ပြီး တစ်ကမ္ဘာလုံးမှာ တွင်ကျယ်စွာ ရောင်းချနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့တိုင်းရင်းဆေး သမားတော်တွေနဲ့ ထုတ်လုပ်သူတွေ အနေနဲ့ အာဆီယံအလယ်မှာရော နိုင်ငံတကာမှာပါ ကုန်ပစ္စည်းနဲ့ လုပ်ငန်းဝန်ဆောင်မှုတွေ အဆင့်မြှင့် တင်သင့်ပြီး စံချိန်စံညွှန်းကိုက်ညီတဲ့ Standardization တွေ Harmoni-zation တွေပြုလုပ်ပြီး တိုင်းရင်းဆေး ကဏ္ဍကိုမြှင့်တင်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ အဲဒီလို လုပ်ဆောင်နိုင် ဖို့လည်း အာဆီယံနိုင်ငံတွေအကြား က တိုင်းရင်းဆေးသမားတော်တွေ အကြိမ်ကြိမ် ဆွေးနွေးဆောင်ရွက် လျက်ရှိပါတယ်။ ဇွဲရတနာကအာရုံ ကြောဆေးတွေနဲ့ ကြည်လင်ရှူလိမ်း ဆေးတွေကို စနစ်တကျထုတ်လုပ်နေ ပါတယ်။

ဒေါ်ချိုချိုမာ၊ စိန်ဘယက် 
တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး
ကျွန်မတို့ရဲ့ အဘိုးသမားတော် ကြီး ဆရာမြိုင်ရဲ့နှစ်ပေါင်းများစွာ ဆေးကုသခဲ့တဲ့ အတွေ့အကြုံတွေပေါ် မှာ အခြေတည်ပြီး သမားစဉ်ဆက် ဆေးကုသခဲ့တာ၊ ဆေးတွေထုတ်လုပ်ခဲ့ တာ နှစ်ပေါင်း ၄ဝ နီးပါးရှိပါပြီ။ ရှေးမူမပျက်တဲ့ အဖိုးထိုက်အဖိုးတန် ဆေးဖက်ဝင်သစ်မြစ်သစ်ဖုတွေ ပရ ဆေးကုန်ကြမ်းတွေကို အခြေပြုပြီး ထုတ်လုပ်ခဲ့တဲ့အပြင် အခုနောက်ပိုင်း မှာ ခေတ်နဲ့အညီ သပ်ရပ်တဲ့ထုပ်ပိုး မှု ပုံစံတွေနဲ့ ပြောင်းလဲလာနိုင်ခဲ့ ပါတယ်။ သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ပြည်သူတွေသုံးစွဲနိုင်ဖို့နဲ့ နိုင်ငံတကာ တိုင်းရင်းဆေးဈေးကွက်အထိ ထိုး ဖောက်နိုင်ဖို့အတွက် တိုင်းရင်းဆေး ညီလာခံကနေ အဆက်အသွယ် ကောင်းတွေ အသိအမြင်ကောင်းတွေ ရရှိခဲ့ပါတယ်။

ဦးချစ်ဦးဖြေ
ဒေဝယက္ခနှင့်မာဃဒေဝဆေးတိုက်

တိုင်းရင်းဆေးညီလာခံ အပတ် စဉ်(၁)ကတည်းက တက်လာခဲ့တာ အခုဆိုရင် ၁၆ ကြိမ်တိုင်ခဲ့ပါပြီ။ မြန်မာ့တိုင်းရင်းဆေးဟာ စနစ်တကျနဲ့ အဆင့်အတန်းမြင့်မားတဲ့ သမားစဉ် ဆက်မှတ်တမ်း မှတ်ရာ ရှိပြီးသား ဆေးပညာတွေဖြစ်ပါတယ်။ ဒါတွေကို မျိုးဆက်သစ် ကျွန်တော်တို့တစ်တွေ လက်ထက်မှာ အဆင့်မြှင့်တင်ခွင့် ရတာကြောင့် ဂုဏ်ယူမိပါတယ်။ ကုန်ကြမ်းပိုင်းမှာ ကျွန်တော်တို့ အတွက် ရှားပါးတဲ့ စိန်ခေါ်မှုတွေရှိ နေပေမယ့် ပြည်သူတွေရဲ့ ယုံကြည် အားကိုးမှုတွေကြောင့် ပိုမိုပြီး အရည် အသွေးကို ဂရုပြုကြရပါတယ်။

ဒေါ်အေးအေးမော်
မုံရွာဆရာမိုးဆေးတိုက်

(၁၆)ကြိမ်မြောက် တိုင်းရင်းဆေး ညီလာခံကို ကြိုဆိုဂုဏ်ပြုပါတယ်။ မုံရွာဆရာမိုးတိုင်းရင်းဆေး ထုတ်လုပ် ရေးကတော့ဆေးတွေကို အရင်က ထက်ပိုပြီး စနစ်တကျနဲ့ အာဆီယံ နိုင်ငံက တိုင်းရင်းဆေးတွေရဲ့ စံချိန် စံညွှန်းနဲ့ပြည့်မီအောင် ထုတ်လုပ် နေတာကို ဆက်လက်ထိန်းသိမ်းသွား ဖို့ရှိပြီး ပြည်တွင်းက သုံးစွဲသူတွေ အပြင် နိုင်ငံတကာအထိ တင်ပို့နိုင် အောင် ကြိုးပမ်းသွားမှာပါ။

ဒေါ်ဖြူဖြူအောင်၊ ကံသာဆေးတိုက်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ကလည်း တိုင်းရင်းဆေးနဲ့ပြည်သူတွေ ကို ကျန်းမာရေးစောင့်ရှောက်မှု ပိုပေး ဖို့ အကူအညီတွေအများကြီးပေးနေတာတွေ့ရပါတယ်။ ပြည်သူတွေက လည်း တိုင်းရင်းဆေးတွေကို ခေတ်မီ နည်းစနစ်နဲ့ထုပ်ပိုးတာ၊ သုတေသန ပြုတာတွေကို အားထားလာကြပါ တယ်။ ကံသာဆေးတိုက်ကတော့ ဆရာကြီး ဦးပေါညိမ်းရဲ့သဘာဝ တိုင်းရင်းဆေးတွေအတွက် ဆေးကုသ ခြင်းနဲ့ မဟာမိတ်လေးဖက်နာ ဆေးကဲ့သို့သော အစွမ်းထက်ဆေးတွေ ကို သိပ္ပံနည်းကျဓာတ်ခွဲစမ်းသပ်ပြီး ဈေးကွက်မှာ ဖြန့်ဖြူးရောင်းချနေပါ တယ်။ တိုင်းရင်းဆေးညီလာခံကို ပုံမှန်တက်ပါတယ်။ ဆေးကုသမှုမှာ ရော ထုတ်လုပ်မှုမှာပါ အကြံဥာဏ် ကောင်းတွေရလို့ပါ။

ဒေါ်တင်နု
ရုပ်ပျိုတိုင်းရင်းဆေးကုမ္ပဏီလီမိတက်

တိုင်းရင်းဆေးရဲ့အံ့မခန်းအစွမ်း ထက်မှုကို တစ်ကမ္ဘာလုံးက အသိ အမှတ်ပြုလာချိန်မှာ ကျွန်မတို့အနေနဲ့ လည်း ကိုယ့်နေရပ်မှာ ဆေးထုတ်လုပ် မှုကို တိုးမြှင့်ခဲ့ပြီး ဒီနှစ်ထဲမှာ ရူပနုပျိုနဲ့ လိမ်းဆေးတစ်မျိုးကိုတိုးချဲ့ခဲ့ပါတယ်။ ဆေးကုသမှုအပိုင်းမှာလည်း တိုင်းရင်း ဆေးတက္ကသိုလ်ကဆင်းလာတဲ့ ဆေး ဆရာတွေကို ခေါ်ယူပြီး စနစ်တကျနဲ့ ပြည်သူတွေရဲ့ကျန်းမာရေးကို မြှင့်တင် နေတာကြောင့် ညီလာခံကနေ ကုသ မှုအပိုင်းရော၊ ထုတ်လုပ်တဲ့အပိုင်း မှာပါ အသိအမြင်တိုးခဲ့ရပါတယ်။

ဦးမြင့်ဦး
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
(ကျန်းမာရေးမြှင့်တင်မှုကော်မတီဝင်)

တိုင်းရင်းဆေး ညီလာခံကျင်းပ ခွင့်ရတာ အလွန်ဝမ်းသာပါတယ်။ အခုထက်ပိုပြီး တစ်ပြည်လုံးတိုင်းရင်း ဆေးဆရာတွေအားလုံး တက်ရောက် စေချင်တယ်။ အခုနောက်ပိုင်းမှာ တိုင်းရင်းဆေးထုတ်လုပ်မှုအပိုင်းက အားကောင်းလာပါတယ်။ သို့သော် တိုင်းရင်းဆေးကို ခြေခြေမြစ်မြစ် အားပေးခဲ့တဲ့ စနစ်မရှိဘဲ လွတ်လပ် ရေးရပြီး နောက်ပိုင်းမှာ တိုင်းရင်း ဆေးဆရာတွေ ထွက်ပေါ်မှုအားနည်း ခဲ့ပါတယ်။ နောက်ပိုင်းမှာ ခမ်းခမ်း နားနားပွဲတွေအပြင် လက်တွေ့ ကျကျ တိုင်းရင်းဆေးဆရာတွေရဲ့ အရည်အသွေးကို မြှင့်တင်ဖို့လိုပါ တယ်။

တွေ့ဆုံမေးမြန်း-ခင်ရတနာ၊
ဓာတ်ပုံ-ကျော်သူဝင်း(မြန်မာ့အလင်း)

No comments:

Post a Comment