Wednesday, December 30, 2015

စင်ကာပူ-မြန်မာ အထူးကုဆရာဝန်ကြီးများ ဇမ္ဗူသီရိအထူးကုဆေးရုံကြီး၌ အခမဲ့ခွဲစိတ်ကုသ


နေပြည်တော် ဒီဇင်ဘာ ၂၉

နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဇမ္ဗူသီရိအထူးကုဆေးရုံကြီးနှင့် ဇမ္ဗူသီရိဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ဇမ္ဗူသီရိ အထူးကုဆေးရုံ ကြီး၌ ယမန်နေ့နံနက်ပိုင်းမှစတင်၍ စင်ကာပူနိုင်ငံ Mount Elizebath Hospital မှ နား၊ နှာခေါင်းနှင့် လည်ချောင်း အထူးကုဆရာဝန်ကြီး Dr. Goh Yau Hong ၊ ဆီးနှင့် ကျောက်ကပ်ခွဲစိတ်အထူးကုဆရာဝန် ကြီး Dr. Sam Peh နှင့် အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဆရာဝန်ကြီး Dr. Lui Hock Foong နှင့် ဇမ္ဗူသီရိအထူးကုဆေးရုံကြီးမှ အထူး ကုဆရာဝန်ကြီးများအဖွဲ့တို့ ပူးပေါင်း၍ နား၊ နှာခေါင်းနှင့် လည်ချောင်း ဝေဒနာရှင်များ၊ ဆီးနှင့်ကျောက်ကပ် ဝေဒနာရှင်များနှင့် အစာအိမ်နှင့် အူလမ်းကြောင်း ဝေဒနာရှင်များကို ဒီဇင်ဘာ ၂၇ ရက်မှစတင်၍ စမ်းသပ် စစ်ဆေးကုသပေးလျက်ရှိသည်။


အဆိုပါ ကုသပေးနေမှုများကို ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းတွင် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသိန်းညွန့်နှင့် မြန်မာနိုင်ငံ အမျိုးသမီး ရေးရာအဖွဲ့ နာယကအဖွဲ့ဝင် ဇနီး ဒေါ်ကျင်ခိုင်တို့သည် နေပြည်တော်စည်ပင်သာယာရေး ကော်မတီနှင့် ဇမ္ဗူသီရိဖောင်ဒေးရှင်းမှ တာဝန်ရှိသူများနှင့် အတူ သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဇမ္ဗူသီရိအထူး ကုဆေးရုံခွဲစိတ်ခန်းမကြီးအတွင်း၌ စင်ကာပူနိုင်ငံ Mount Elizebath Hospital မှ နား၊ နှာခေါင်းနှင့် လည်ချောင်း အထူးကုဆရာဝန်ကြီး Dr. Goh Yau Hong နှင့် ဇမ္ဗူသီရိ အထူးကုဆေးရုံကြီးမှ နား၊ နှာခေါင်းနှင့် လည်ချောင်း အထူးကုဆရာဝန် ကြီး ဒေါက်တာကျော်မင်းဦး၊ အစာအိမ်၊ အူလမ်းကြောင်းနှင့် အထွေထွေ ရောဂါခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာမျိုးထက်ကျော်၊ အထွေထွေ နှင့် အစားထိုးပြုပြင်ခွဲစိတ် အထူးကု ဆရာဝန်ကြီး ဒေါက်တာမင်းဇော်အောင်နှင့် မေ့ဆေးအထူးကုဆရာဝန် ကြီး ဒေါက်တာသက်လွင်တို့ ပူးပေါင်း၍ လည်ပင်းကြီးဝေဒနာရှင်များအား ခွဲစိတ်ကုသပေးနေမှုကို သွားရောက် ကြည့်ရှုအားပေးကာ ခွဲစိတ်ခန်းမကြီး အတွင်းရှိ လူနာစောင့်ခန်းအတွင်း၌ ခွဲစိတ်နေမှုကို တိုက်ရိုက်ပြသထားသော တီဗွီဖန်သားပြင်၌ ကြည့်ရှုကာ လူနာရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားသည်။

ထို့နောက် အထွေထွေရောဂါ ကုသဆောင် လူနာဆောင်အမှတ်(၂)အထူးကြပ်မတ်ကုသခန်းအတွင်း ခွဲစိတ်ကုသပြီးသည့် လည်ပင်းကြီး လူနာများ၊ ဆီးနှင့်ကျောက်ကပ် လူနာများနှင့် လူနာရှင်များအားလည်း ကောင်း၊ အထွေထွေရောဂါ ကုသဆောင် လူနာဆောင်အမှတ်(၁)ရှိ ခွဲစိတ်ကုသရန် စောင့်ဆိုင်းလျက်ရှိသည့် လူနာများနှင့် လူနာရှင်များအား လည်းကောင်း ရင်းရင်းနှီးနှီးလိုက်လံ အားပေးစကားပြောကြားသည်။

ပြင်ပလူနာဌာန မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းနှင့် အစာအိမ်၊ အူလမ်းကြောင်းကုသဆောင်အတွင်း စင်ကာပူနိုင်ငံ Mount Elizebath Hospital မှ အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဆရာဝန်ကြီး Dr. Lui Hock Foong နှင့် ဇမ္ဗူသီရိ အထူးကုဆေးရုံကြီးမှ အထွေထွေ ရောဂါအထူးကု ဆရာဝန်ကြီး ဒေါက်တာဝင်းအောင်တို့က အစာအိမ် နှင့် အူလမ်းကြောင်းဝေဒနာရှင် ၂၅ ဦးအား ဝမ်းဗိုက်အတွင်း မှန်ပြောင်းထည့်၍ ကုသပေးခြင်းကိုလည်း ကောင်း၊ ဆီးနှင့် ကျောက်ကပ်ခွဲစိတ် အထူးကုဆရာဝန်ကြီး Dr. Sam Peh နှင့် ဇမ္ဗူသီရိအထူးကုဆေးရုံကြီးမှ ဆီးနှင့် ကျောက်ကပ်ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦး တို့က ဆီးနှင့်ကျောက်ကပ်ဝေဒနာရှင် လေးဦးအား စမ်းသပ်စစ်ဆေး ခွဲစိတ် ကုသပေးခြင်းကို လည်းကောင်း ဆောင်ရွက်ပေးနိုင်ခဲ့သည်။

စင်ကာပူနိုင်ငံ အထူးကုဆရာဝန် ကြီးများနှင့် ဇမ္ဗူသီရိအထူးကုဆေးရုံ ကြီးမှ အထူးကုဆရာဝန်ကြီးများ အဖွဲ့တို့ပူးပေါင်း၍ လည်ပင်းကြီး လူနာ ခြောက်ဦးနှင့် ဆီးနှင့် ကျောက်ကပ်လူနာ လေးဦးတို့ကို အခမဲ့ခွဲစိတ်ကုသပေးခဲ့ပြီး အစာ အိမ်နှင့် အူလမ်းကြောင်းဝေဒနာရှင် ၂၅ ဦးတို့ကို အခမဲ့စစ်ဆေးစမ်းသပ် ကုသပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment