Wednesday, December 30, 2015

ဒုတိယအကြိမ်သက်တမ်း ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်မည်

နေပြည်တော် ဒီဇင်ဘာ ၂၉


၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ် ရေး ဥပဒေနှင့်အညီ ပထမအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်းတွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ရွေးချယ် တာဝန်ပေးအပ်ထားပြီး ဖြစ်သည်။ ယင်း ဥပဒေပုဒ်မ ၉ တွင် ''ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူး၏ သက်တမ်းသည် ပြည်သူ့ လွှတ်တော်၏ သက်တမ်းနှင့်အညီ ဖြစ်သည်'' ဟု ပြဋ္ဌာန်းထားရှိသော ကြောင့် လက်ရှိ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၏ သက်တမ်းသည် ၂ဝ၁၆ ခုနှစ် ဇန်န ဝါရီလကုန်ပိုင်းတွင် သက်တမ်းကုန် ဆုံးတော့မည် ဖြစ်သည်။

ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ် တာဝန်ပေးအပ်ရာတွင် ပြည့်စုံရမည့် အရည်အချင်း သတ်မှတ်ချက်များကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ အခန်း(၃)တွင် ဖော်ပြထားရှိပြီးဖြစ်သည့်အပြင် ပါတီ နိုင်ငံရေးအသွေးအရောင် ကင်းရှင်း သည့် ပုဂ္ဂိုလ်များ ဖြစ်စေရန်အတွက် လည်း ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးဥပဒေပုဒ်မ ၁ဝ တွင် ''ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးသည် နိုင်ငံ ရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်တာဝန် ပေးအပ်ခြင်းခံရသည့်နေ့မှစ၍ မိမိ တာဝန်ထမ်းဆောင်စဉ် သက်တမ်း အတွင်းယင်းပါတီအဖွဲ့အစည်း၏ပါတီ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် ခြင်းမပြုရ''ဟု ပြဋ္ဌာန်းထားသည်။

သို့ဖြစ်၍ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များအား ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် သက်တမ်းနှင့်အညီ တာဝန်ပေးအပ်နိုင်ရေး ယင်းဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း သတ်မှတ်အရည်အချင်းများနှင့်ကိုက်ညီသည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလအတွင်း ပြန်လည်ရွေး ချယ် တာဝန်ပေးအပ်သွားမည်ဖြစ် ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

No comments:

Post a Comment