Monday, December 28, 2015

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ထံသို့ မေတ္တာရပ်ခံစာပေးပို့

နေပြည်တော် ဒီဇင်ဘာ ၂၈

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌမှ ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌထံသို့ ထိုင်းနိုင်ငံ ခိုတောင်ကျွန်းတွင် ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ အလုပ်သမားနှစ်ဦးအား သေဒဏ် ချမှတ်ခဲ့ခြင်းအပေါ် အယူခံဝင်သည့်ကာလတွင် ၎င်းတို့နှစ်ဦး ရသင့်ရထိုက်သည့် ခံစား ခွင့်ရရှိရေးအတွက် ယနေ့ရက်စွဲဖြင့် မေတ္တာရပ်ခံစာ ပေးပို့ခဲ့သည်။



အဆိုပါစာတွင် ဤအမှုနှင့်ပတ်သက်၍ အယူခံတင်သွင်းမည်ဟု သိရှိရသဖြင့် ယင်းသို့ အယူခံဝင်သည့်အခါ အယူခံဝင်သည့်ကာလအတွင်း ၎င်းတို့နှစ်ဦးအတွက် ရသင့်ရထိုက်သည့် လူ့အခွင့်အရေးများ ခံစားခွင့်ရရှိရေး၊ ထိုင်းတရားရုံးက တရားမျှတစွာ အဆုံးအဖြတ်ပေးရေး၊ ဥပဒေ၏ ကာကွယ်စောင့်ရှောက်မှုကို ခွဲခြားဆက်ဆံမှုမရှိစေဘဲ ခံစားခွင့်ရရှိရေးနှင့် ၎င်းတို့၏ အသက်ရှင်သန်ပိုင်ခွင့် (right to life) ရရှိခံစားနိုင်ရေးတို့ အတွက် ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် အတတ်နိုင်ဆုံး ပံ့ပိုး ကူညီဆောင်ရွက်ပေးပါရန် စသည်ဖြင့် ဖော်ပြထားရှိကြောင်းနှင့် အပြည့်အစုံအား မြန်မာ နိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ Website ဖြစ်သော www.mnhrc.org.mm တွင် ၀င်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

No comments:

Post a Comment