Tuesday, December 29, 2015

(၁၆) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံ အကြိုညှိနှိုင်းဆွေးနွေးပွဲ နေပြည်တော်၌ ကျင်းပ


နေပြည်တော် ဒီဇင်ဘာ ၂၈
''အခုနှစ် အဆိုအထောက်တွေကို core-group ဖွဲ့ပြီး ဌာနတွင်း၊ တိုင်းရင်းဆေးတက္ကသိုလ်၊ ပြည်နယ်၊ တိုင်းဒေသကြီးမှ ပညာရှင်တွေ၊ တိုင်းရင်းဆေးရုံ၊ ဆေးခန်းက ဆေးဆရာတွေနဲ့ ပြင်ပမှ ဆရာတွေပါဝင်ပြီး ရေးသားပြုစုခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ဦးတစ်ယောက်တည်းရဲ့ သဘောမဟုတ်ဘဲ ဆေးဆရာအများစုရဲ့ဆန္ဒ၊ သဘောထား၊ အကြံပြု ထောက်ခံ ချက်တွေဖြစ်ပါတယ်'' ဟု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရီရီမြင့်က ညီလာခံနှင့် ပတ်သက်သော လုပ်ငန်းစဉ်များ အကြို ညှိနှိုင်း ဆွေးနွေးပွဲတွင် ပြောကြားသည်။

(၁၆)ကြိမ်မြောက် မြန်မာ့တိုင်းရင်း ဆေးသမားတော်များ ညီလာခံအကြို ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင် ကျင်းပခဲ့ရာ သဘာပတိအဖြစ် ကျန်းမာရေး ဝန်ကြီးဌာန တိုင်းရင်းဆေး ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆောင်ရွက်ပြီး ပဲခူးတိုင်းဒေသကြီး ညီလာခံ ကိုယ်စား လှယ် ဦးဖြေနှင့် ရှမ်းပြည်နယ်မှ ညီလာခံကိုယ်စားလှယ် ဦးဘိုကြီးတို့က သဘာပတိအဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ခဲ့ကြ သည်။
အခမ်းအနား၌ ညီလာခံတွင် တင်သွင်းမည့် အဆိုငါးခုအား အုပ်စုငါးစုခွဲကာ အဆိုပြုချက်တင်သွင်းခြင်း၊ အဆိုပြုချက် ထောက်ခံဆွေးနွေးခြင်းတို့ကို အုပ်စုအလိုက်ဝိုင်းဖွဲ့ဆွေးနွေးပြီး အဆိုရှင်နှင့် ထောက်ခံဆွေးနွေး မည့်သူများကို အုပ်စု အလိုက်ရွေးချယ် ခဲ့ကြသည်။

(၁၆)ကြိမ်မြောက် မြန်မာ့တိုင်းရင်း ဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲကို ဒီဇင်ဘာ ၂၉ ရက်နှင့် ၃ဝ ရက်တွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment