Sunday, December 27, 2015

ဘားအံမြို့၌ ပြည်ထောင်စုရိပ်သာဖွင့်လှစ်


ဘားအံ ဒီဇင်ဘာ ၂၆
ကရင်ပြည်နယ် ဘားအံမြို့ရှိ ပြည်ထောင်စုရိပ်သာဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါရိပ်သာ မျက်နှာစာ၌ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦအောင်းမင်း၊ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ ကရင်ပြည်နယ် ခေတ္တဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုရိပ်သာ အဆောက်အအုံ ဆိုင်းဘုတ်အား ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ စောမူတူး စေးဖိုးတို့က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး တာဝန်ရှိသူများက အမွှေးနံ့သာပက်ဖျန်းပေးသည်။
အဆိုပါ ဧည့်ရိပ်သာကို ပြည်ထောင်စုငြိမ်းချမ်းရေး အကောင်အထည်ဖော်ဆောင်နိုင်ရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးတို့အား ရှေးရှုဆောက်လုပ်ခဲ့ခြင်းဖြစ်သည့်အတွက် ပြည်ထောင်စုဧည့်ရိပ်သာဟု မှတ်တမ်းတင် သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ အဆောက်အအုံကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ၂ဝ၁၃ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင် ဆောက်လုပ်ပြီးစီးခဲ့ခြင်းဖြစ်သည်။

(သတင်းစဉ်)

No comments:

Post a Comment