Tuesday, November 24, 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၀ါရှင်တန်ပို့စ်သတင်းစာမှ Senior Associate Editor ဖြစ်သူ Elizabeth (Lally) Graham Weymouth အား လက်ခံတွေ့ဆုံ


နေပြည်တော် နိုဝင်ဘာ ၂၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာ ၂၁ ရက် ညနေ ၃နာရီက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ ဆောင်၌ ၀ါရှင်တန်ပို့စ်သတင်းစာမှ Senior Associate Editor ဖြစ်သူ Elizabeth (Lally) Graham Weymouth အား လက်ခံတွေ့ဆုံသည်။


ထိုသို့တွေ့ဆုံစဉ် အထွေထွေရွေးကောက်ပွဲကျင်းပခဲ့မှုများ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာများ၊ စစ်ဘက်အရပ်ဘက် ဆက်ဆံရေး၊ မြန်မာ-အမေရိကန်ဆက်ဆံရေး အပါအ၀င် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးအခြေအနေများ၊ ခိုင်မာသည့်ပါတီစုံ ဒီမိုကရေစီစနစ် ဖော်ဆောင်မှုနှင့် တပ်မတော်၏ ရပ်တည်မှု အခန်းအကဏ္ဍဆိုင်ရာ သဘောထားအမြင်များ မေးမြန်းမှုအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။


အဆိုပါ သတင်းစာ Editor သည် ၂၅ နှစ်အတွင်း ကမ္ဘာ့ခေါင်းဆောင်များစွာနှင့် တွေ့ဆုံမေးမြန်းခဲ့ရာ ၂၀၁၅ခုနှစ်အတွင်း တူရကီနိုင်ငံဝန်ကြီးချုပ် အီဂျစ်နိုင်ငံ သမ္မတ တောင်ကိုရီးယားနိုင်ငံသမ္မတ၊ ဘရားဇီးနိုင်ငံသမ္မတ၊ လက်ဘနွန်နိုင်ငံဝန်ကြီးချုပ်၊ ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးနှင့်လုံခြုံရေးမူဝါဒရေးရာမှ အဆင့်မြင့်ကိုယ်စားလှယ်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနှင့် ယူကရိန်းနိုင်ငံသမ္မတတို့အား တွေ့ဆုံမေးမြန်း ခဲ့ကြောင်းနှင့် မကြာမီရက်ပိုင်းအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းဆုကြည်နှင့်လည်း တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။

(မြ၀တီ)

No comments:

Post a Comment