Tuesday, November 24, 2015

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမည်စာရင်း ပြင်ဆင်ပြောင်းလဲကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် ( ၉၅  /  ၂၀၁၅ )
၁၃၇၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း   ၁၃   ရက်

(၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ   ၂၄  ရက်)

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမည်စာရင်း ပြင်ဆင်ပြောင်းလဲကြေညာခြင်း

၁။ ၂၀၁၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ ၁၂ . ၁၁ . ၂၀၁၅  ရက်စွဲပါကြေညာချက်အမှတ်(  ၅၃ /  ၂၀၁၅) ဖြင့်  ထုတ်ပြန် ကြေညာချက်အရ ဦးစိုင်းဆာလူ[ ၁၃/ ကခန(နိုင်)၀၀၂၄၃၃] ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အား  ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၅)၏ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၁၂ . ၁၁ . ၂၀၁၅ ရက်စွဲပါ ကြေညာချက်အမှတ် ( ၈၀ / ၂၀၁၅) ဖြင့် ထပ်ဆင့် ကြေညာပေးခဲ့ပါသည်။


၂။ သို့ရာတွင် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ၂၃ . ၁၁ . ၂၀၁၅ ရက်စွဲပါကြေညာချက် အမှတ် (၁၆၄/၂၀၁၅) ဖြင့်  ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၅) တွင် ဆန္ဒမဲ အများဆုံးဖြင့် ရွေးကောက်တင်မြှောက်ခံရသူမှာ ဦးညီစိန်၊ တအာင်း(ပလောင်) အမျိုးသားပါတီဖြစ်ကြောင်း ပြင်ဆင် ပြောင်းလဲ၍ ထုတ်ပြန်ကြေညာခဲ့ပါသည်။

၃။ သို့ဖြစ်ပါ၍ သက်ဆိုင်ရာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၄၉(ခ)နှင့်အညီ ထုတ်ပြန်ကြေညာချက်အရ  ရှမ်းပြည်နယ်၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ်အမှတ်(၅) တွင် ရွေးကောက်တင်မြှောက်ခံရသော  အမျိုးသားလွှတ်တော် ကိုယ်စားလှယ်မှာ  ဦးညီစိန် [ ၁၃/ နခန(နိုင်) ၀၁၈၇၄၇]  တအာင်း (ပလောင်) အမျိုးသားပါတီ  ဖြစ် ကြောင်း ပြင်ဆင်ပြောင်းလဲ ကြေညာလိုက်သည်။

 ဥက္ကဋ္ဌ                            

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

No comments:

Post a Comment