Wednesday, November 25, 2015

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း အာဆီယံ နိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များနှင့် သီးခြားစီတွေ့ဆုံ


နေပြည်တော် နိုဝင်ဘာ ၂၄
ထိုင်းနိုင်ငံ သို့ ရောက်ရှိနေသော ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း သည် နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းတွင် ခေတ္တအခြေပြုရာ Siam Kempinski Hotel ၌ 16th ASEAN
Chiefs of Army Multilateral Meeting (ACAMM-16) အစည်းအဝေးသို့ တက် ရောက်မည့် အာဆီယံနိုင်ငံများမှ လာအိုပြည်သူ့တပ်မတော် ဒုတိယစစ်ဦးစီးအရာရှိချုပ်၊ မလေးရှား တပ်မတော် ကြည်းတပ်ဦးစီးချုပ် ၊ ကမ္ဘောဒီးယားတော်ဝင် တပ်မတော် ကြည်းတပ်ဦးစီးချုပ်၊ ဗီယက်နမ်ပြည်သူ့ တပ်မတော် ဒုတိယစစ်ဦးစီးချုပ်၊ စင်ကာပူတပ်မတော် ကြည်းတပ်ဦးစီးချုပ်၊ ဖိလစ်ပိုင်တပ်မတော် ကြည်းတပ် ဦးစီးချုပ်တို့နှင့် သီးခြားစီတွေ့ဆုံ၍ တပ်မတော် နှစ်ရပ်ကြား ဆက်ဆံရေးအပါအဝင် တပ်ပိုင်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်။

No comments:

Post a Comment