Monday, November 30, 2015

အာဆီယံနှင့် ဂျပန် (၁၁)နိုင်ငံတို့မှ တက္ကသိုလ် ကျောင်းသား လူငယ် မောင်မယ်များ ရွှေတိဂုံ စေတီတော်အား လာရောက် ဖူးမြော် လေ့လာ

ရန်ကုန် နိုဝင်ဘာ ၂၉
မြန်မာနိုင်ငံသားတို့၏ အထွတ်အမြတ်ထားရာ ပြည်တွင်း ပြည်ပ ခရီးသွားများ အထူးစိတ်ဝင်စားစရာ၊ လေ့လာစရာများဖြင့် ပြည့်နှက်နေသော ရွှေတိဂုံစေတီတော်သို့ နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းက (၄၂)ကြိမ်မြောက် အရှေ့တောင်အာရှနှင့် ဂျပန် လူငယ်သင်္ဘောခရီးစဉ်ဖြင့် လိုက်ပါလာသော အာဆီယံနှင့်ဂျပန် ၁၁ နိုင်ငံတို့မှ တက္ကသိုလ်ကျောင်းသား လူငယ် မောင်မယ် ၃၃၀ လာရောက် လေ့လာဖူးမြော်ကြသည်။ ရုံးပိတ်ရက် ဖြစ်သည်နှင့်အညီ နိုင်ငံခြားသားခရီးသွားများနှင့် တက္ကသိုလ် ကျောင်းသား လူငယ်မောင်မယ်တို့ဖြင့် စေတီတော်ရင်ပြင်တွင် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။

“သမီးက ထိုင်းနဲ့ လာအိုကျောင်းသူနှစ်ဦးကို တာဝန်ယူရတာပါ။ ရန်ကုန်တက္ကသိုလ်အပါအဝင် ဆရာ ဆရာမတွေ၊ ကျောင်းသူ ကျောင်းသားတွေခွဲပြီး အိမ်ရှင်မိသားစုအနေနဲ့ ကြိုဆိုရတာပါ။ ဒီနေ့ ရွှေတိဂုံစေတီကို လိုက်ပို့တော့ ပျော်နေကြတယ်။ ရွှေရောင်ဝင်းပြီး ကြီးမားတဲ့စေတီကို မမြင်ဖူးလို့ အံ့ဩရတယ်လို့ပြောပါတယ်။ အခုလိုလိုက်ပို့ရတာ နိုင်ငံအတွက်လည်း ဂုဏ်ယူတယ်။ အာရှတိုက်သား ကျောင်းသူချင်း တစ်ညအိပ်နှစ်ရက် ဆုံဆည်းခွင့်ရလို့ ဝမ်းသာပီတိလည်းဖြစ်ရတယ်။ ဒီနေ့မွန်းတည့် ၁၂ နာရီမှာ သူတို့ကို သင်္ဘောပေါ် လိုက်ပို့ရမယ်။ မွန်းလွဲ ၁ နာရီ သင်္ဘော ပြန်ထွက်မယ်လို့ ပြောတယ်” ဟု ရန်ကုန်တက္ကသိုလ်မှ ဒုတိယနှစ် ကျောင်းသူ မချမ်းမြေ့သူက ပြောသည်။
ရုံးပိတ်ရက်ဖြစ်၍ ဘုရားဖူးကုသိုလ်ယူသူများ၊ ပုဆိုး၊ လုံချည် ကပိုကရိုအလှဖြင့် ရင်ပြင်တော်တွင် လေ့လာဖူးမြော်နေသော နိုင်ငံခြားသား ခရီးသွားတို့ဖြင့် စည်ကားလျက်ရှိပြီး ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးကလည်း “ဒီနှစ်လည်း နိုင်ငံခြားသားခရီးသွား မနှစ်ကထက် များနိုင်ပါတယ်။ မနှစ်က ငါးသိန်းနီးပါး ရွှေတိဂုံစေတီတော်ကို ဖူးမြော် လေ့လာတယ်။ ဒီနှစ် ခြောက်သိန်းကျော်လာမယ်လို့ ခန့်မှန်းရပါတယ်။ အရှေ့တောင်အာရှကဆိုရင်တော့ ဒီနှစ် ထိုင်းနိုင်ငံကလာတာများတယ်” ဟု ပြောသည်။

ဂျပန်အစိုးရ၏အစီအစဉ်ဖြင့် အရှေ့တောင်အာရှနိုင်ငံများသို့ (၄၂)ကြိမ်  ရွှေတိဂုံစေတီတော်အား ဖူးမြော်လေ့လာခြင်း၊ မြန်မာ့ရိုးရာ အစားအစာများကို စွဲစွဲမက်မက် စားသောက်ခြင်း၊ မြန်မာလူမျိုးတို့၏ ရင်းနှီးဖော်ရွေမှုကို အသိအမှတ်ပြု လက်တွေ့သိရှိခဲ့ကြပြီး မွန်းလွဲပိုင်းတွင် ခရီးစဉ်အုပ်ချုပ်သူအရာရှိ Mr. Hideki UEMURA နှင့်အတူ အရှေ့တောင်အာရှနှင့် ဂျပန် (၁၁) နိုင်ငံတို့မှ တက္ကသိုလ်ကျောင်းသား လူငယ်မောင်မယ်များ ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။

No comments:

Post a Comment