Monday, November 30, 2015

ဘိလပ်မြေစက်ရုံ (ကျောက်ဆည်) ထုတ်လုပ်မှုပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး



နေပြည်တော်၊ နိုဝင်ဘာလ(၃၀)

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် အား တရုတ်နိုင်ငံ၊ Anhui Conch Cement Co., Ltd. ၏ Chairman  Mr. GuoWensan ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက် ၁၀ နာရီတွင်စက်မှုဝန်ကြီးဌာန၌ လာရောက်တွေ့ဆုံပြီးစက်မှုဝန်ကြီးဌာနနှင့် Built-Operate-Transfer (BOT) စနစ်ဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဘိလပ်မြေစက်ရုံ (ကျောက်ဆည်) တည်ဆောက်ပြီးစီးမှုအခြေအနေများ၊ ဖွင့်လှစ်မည့်အစီအစဉ်များနှင့် ထုတ်လုပ်မှုလုပ်ငန်းများတိုးချဲ့၍ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။


အဆိုပါ တွေ့ဆုံဆွေးနွေးပွဲများသို့ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment