Friday, November 27, 2015

"နိုင်ငံပိုင်မီဒီယာကနေ ပြည်သူဗဟိုပြု မီဒီယာပြောင်းလဲရာမှာလည်း ကျယ်ကျယ်ပြန့်ပြန့်အကူအညီပေး ဖို့ ဆောင်ရွက်နေပါ တယ်"






Mr. Peter Limbourg
တွေ့ဆုံမေးမြန်း-မင်းသစ်၊ မြတ်စန္ဒီသင်းဇော်
ဓာတ်ပုံ-ဇော်မင်းလတ်
ရန်ကုန် နိုဝင်ဘာ ၂၆
လွတ်လပ်၍ အမှီအခိုကင်းသော မီဒီယာများ ပေါ်ထွက်လာစေရန်အတွက် မြန်မာ့မီဒီယာလောက ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ဆွေးနွေးပွဲကို နိုဝင်ဘာ ၂၅ ရက် နံနက် ၁ဝ နာရီက ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲအပြီးတွင် ရုပ်သံမီဒီယာ၊ အွန်လိုင်းမီဒီယာ၊ ပုံနှိပ်မီဒီယာများမှ တာဝန်ရှိသူတချို့၏ လက်ရှိမြန်မာ့ မီဒီယာလောက အပေါ် သဘောထားအမြင်များ၊ အနာဂတ်မြန်မာ့ မီဒီယာလောက၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကြုံတွေ့ရမည့် စိန်ခေါ်မှုများနှင့် စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းမှုများကို ကောက်နုတ်စုစည်း တင်ပြလိုက်ပါသည်။

ဦးဝင်းကြည် (ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား)
''မီဒီယာတွေအနေနဲ့ အဓိက ရည်ရွယ်ချက်ကတော့ လွတ်လပ် ရမယ်၊ အမှီအခိုကင်းရမယ်ဆိုတဲ့ ရည်ရွယ် ချက်နဲ့ ဦးတည်နေကြတာပါ၊ တစ်ယောက်နဲ့ တစ်ယောက် လွတ်လပ်မှုကို ဘယ်လိုအဓိပ္ပာယ် ဖွင့်မလဲ၊ အမှီအခိုကင်းတာဆိုတာကို ဘယ်လို အဓိပ္ပာယ်သတ်မှတ် မလဲဆိုတာ အသိပညာမျှဝေကြ တာဖြစ်ပါတယ်။ DW ကလည်း သူတို့ရဲ့ အတွေ့အကြုံတွေကို မျှဝေတာပါ။ ဒါဆိုရင် အခုလုပ် ဆောင်နေတဲ့ မီဒီယာလုပ်ငန်းတွေ ကို ကျွမ်းကျင်တဲ့ မီဒီယာစစ်စစ် အနေနဲ့ ပိုပြီးဆောင်ရွက်နိုင်တဲ့ အခြေအနေကောင်းတွေ၊
အကြံဉာဏ်ကောင်းတွေ၊ နည်းလမ်းကောင်းတွေရရှိပြီး အပြန်အလှန် ပူးပေါင်းဆောင်ရွက်ကြဖို့ အခွင့် အလမ်းတွေ ရရှိလာလိမ့်မယ်လို့ေ မျှာ်လင့်ပါတယ်။
မီဒီယာတိုင်းဟာ လွတ်လပ်မှု နဲ့ အမှီအခိုကင်းမှု တကယ် ကျွမ်းကျင်တဲ့ မီဒီယာကောင်း တစ်ယောက်ဖြစ်ရေး လုပ်ဆောင် ဖို့လိုပါတယ်။ ဒီလိုပီသဖို့ကလည်း မီဒီယာသမားတိုင်း လိုက်နာရမယ့် ကျင့်ဝတ်တို့၊ ခံဝန်ချက်တို့၊ ကတိ ကဝတ်တို့ကို လိုက်နာဖို့လိုပါတယ်။ ဒါတွေကို ခိုင်မာတဲ့ကျင့်ဝတ် စည်းကမ်းတွေ ရေးဆွဲနိုင်ရေး ကျွန်တော်တို့ ကြိုးစားရေးဆွဲရမယ်။ေ ရးဆွဲထားတဲ့အတိုင်းလည်း မီဒီယာ သမားတွေ လိုက်နာကြမယ်ဆိုရင် မြန်မာပြည်က မီဒီယာသမားတွေ အတွက် အနည်းနဲ့အများ လွတ်လပ် မှုနဲ့ အမှီအခိုကင်းမှုတွေကို ရရှိမှာဖြစ်ပါတယ်။

Mr. Peter Limbourg
(International Broadcaster၊ ဂျာမနီနိုင်ငံအခြေစိုက် ရုပ်သံဌာန DW Akademie )

ကျွန်တော်တို့က ဒီလုပ်ငန်းကို လုပ်ကိုင်တာ နှစ် ၆ဝ ကျော်ပါပြီ၊ ဘာသာပေါင်း ၃ဝ ကျော်နဲ့ ထုတ် လွှင့်နေ ပါတယ်။ အထူးသဖြင့် အာရှ တိုက်ကို ဦးစားပေးပြီး ထုတ်လွှင့် ပေးနေပါတယ်။DW Channel ကို ကြည့်ရှုတဲ့ပရိသတ်တွေလည်း များ လာပါ တယ်။ မြန်မာပြည်က ပရိသတ် တွေကDW က ထုတ်လွှင့်တဲ့အစီ အစဉ်တွေကိုကြည့်ပြီး အကျိုးကျေးဇူး တွေ အများကြီးရရှိမယ် လို့ ယုံကြည် ပါတယ်။DW Akademie ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ကမ္ဘာတစ်ဝန်း လုံးမှာ မြန်မာနိုင်ငံအတွက် ရင်းနှီး မြှုပ်နှံမှုက အများဆုံးဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့က ဂျာနယ် လစ်တွေကို သင်တန်းတွေပေးခွင့် ရတာMedia regulation အသစ် တွေ အကြံဥာဏ်ပေးခွင့်ရတဲ့ အတွက် ဝမ်းသာပါတယ်။ အထူး သဖြင့် ဒီလိုဆောင်ရွက်ပေးမှုတွေက မြန်မာနိုင်ငံ သားတွေအတွက် တန်ဖိုး ရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ Media freedom အတွက်လည်း ကျွန်တော်တို့က ဝိုင်းဝန်းဆောင်ရွက် ပေးပါမယ်။ Free Press နဲ့ Good Regulator for Press က လူ့အဖွဲ့ အစည်းအတွက် အလွန်တန်ဖိုး ရှိတယ်။ နိုင်ငံရေး တည်ငြိမ်မှုအတွက် ရေရှည်မှာ အလွန်ကြီးတယ်။ ကျွန်တော်တို့က Media Relation နဲ့ ပတ်သက်ပြီး ဂျာမနီဟာ ဘာတွေ လုပ်နေလဲဆိုတာလည်း အသိပေးပါတယ်။ Technical အပိုင်းတွေEthic တွေအကြောင်းState Media ကနေ Public Media အဖြစ် ပြောင်းလဲရာမှာလည်း ကျယ်ကျယ်ပြန့်ပြန့် အကူအညီပေးဖို့ ဆောင်ရွက်နေပါတယ်။ ဒီအစည်းအဝေးမှာ မီဒီယာတွေကPrivate Media ရော၊ Public Media ပါ ပါဝင်တက်ရောက် ဆွေးနွေးကြတယ်။ အကြောင်းအရာမျိုးစုံ ဆွေးနွေးကြ တယ်။ နိုင်ငံ ရေးတည်ငြိမ်မှုအတွက် မီဒီယာက လူ့အဖွဲ့အစည်းအတွက် အလွန်ကို အရေးကြီးပါတယ်။

ဦးကျော်မင်းဆွေ(The Voice အယ်ဒီတာချုပ်)
ဆွေးနွေးပွဲမှာ တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခွင့်ရတာဆိုတော့ ကောင်း ပါတယ်။ နောက်တက်လာမယ့် အစိုးရသစ်လက်ထက်မှာ ဘယ်လို စိန်ခေါ်မှုတွေရှိလာမလဲဆိုတာ စောင့် ကြည့်နေတယ်။ ကျွန်တော်တို့ဖြစ်ချင်တာက လွတ်လပ်ပြီး တရားမျှတတယ်ဆိုရင် ပြဿနာမရှိဘူး။ မျှတတယ်ဆိုတာကလည်း ယှဉ်ပြိုင်မှု ဈေးကွက်ထဲမှာ မျှမျှတတ ယှဉ်ပြိုင်မှုဖြစ်ဖို့ လိုတယ်။ အဲဒါကို မျှော်လင့်တယ်ဟု ပြောသည်။

ဦးစိုးမြင့် (အယ်ဒီတာချုပ်၊ မဇ္ဈိမ မီဒီယာ)
မြန်မာနိုင်ငံရဲ့ မီဒီယာ ပြုပြင် ပြောင်းလဲမှုက ပြီးခဲ့တဲ့ လေးနှစ်အတွင်းမှာ ဖြစ်ပေါ်ခဲ့တာတွေအများ ကြီးပဲ၊ အထူးသဖြင့် လွတ် လပ်တဲ့ မီဒီယာအဖွဲ့အစည်းတွေ ပေါ်လာတယ်။ သတင်းထောက်အဖွဲ့အစည်း တွေ၊ အစည်းအရုံးတွေက ရန်ကုန်တင် မကဘူး၊ နယ်တွေပါ ပေါ်ပေါက်လာတယ်။ ပုဂ္ဂလိကမီဒီယာဘက်မှာ လွတ်လပ်စွာ လုပ်ပိုင်ခွင့်လိုင်စင် တွေချပေးခဲ့တာ၊ စာနယ် ဇင်း ကောင်စီလိုဟာမျိုးတွေ ဖြစ်လာတယ်။ ရုပ်သံမီဒီယာတွေ ဖွံ့ဖြိုး တိုးတက်လာဖို့ဆိုတာတွေ နောက်တစ်ဆင့် မှာ ဖြစ်ပေါ်လာ မယ်။ မြန်မာ နိုင်ငံမှာ လွတ်လပ်တယ်ဆိုတဲ့ ပုဂ္ဂလိကမီဒီယာတွေက အစိုးရ မီဒီယာနဲ့ ယှဉ်လိုက် ရင် သေးသေး လေး၊ လွတ်လပ်စွာ အမှီအခိုကင်းစွာ ရပ်တည်နိုင်ဖို့ စိန်ခေါ်မှုတစ်ခုပေါ့၊ ပြောင်းလဲလာတဲ့ မီဒီယာရဲ့ အနေ အထားတွေမှာ မိုဘိုင်းဖုန်းတွေ ရှိ လာတယ်။ မိုဘိုင်းဖုန်းတွေကနေ သတင်းတွေကြည့်လာတယ်၊ ဖတ်လာ တယ်၊ ကိုယ်က အဲ့ဒီအပြောင်းအလဲ မှာ ဘယ်လိုလုပ်မလဲဆိုတဲ့ စိန်ခေါ်မှု၊ နောက်တစ်ခုက ရုပ်သံတွေ ပွင့်လာ တဲ့အပေါ် ရုပ်သံရောလုပ်မလား၊ ပြောင်းလဲမှုက မီဒီယာသမားတွေ အတွက် ၂ဝ၁၆ ခုနှစ်ကနေ ၂ဝ၂ဝ အထိ ရင်ဆိုင်ကျော်ဖြတ်ရမယ့် စိန်ခေါ်မှုတွေလို့မြင်တယ်။ ကောင်း လာတာကတော့ ပိုကောင်းလာ တယ်။ ဒါပေမယ့် ရုပ်သံမှာ ခုချိန်ထိ လွတ်လပ်မှုမရသေးဘူး။ အတည်ပြု လိုက်တဲ့ဥ ပဒေတွေနဲ့ နောက်ထွက် ပေါ်လာမယ့်ဥပဒေတွေက ရုပ်သံ မီဒီယာမှာလည်း ပိုပြီးလုပ်ပိုင်ခွင့် တွေရလာမယ်လို့ မျှော်လင့်တယ်။ အဲဒါတွေက ကောင်းလာမယ့် ဖြစ်ထွန်းတိုးတက်မှုလို့ မြင်တယ်။

ဒေါ်မေသင်္ကြန်ဟိန် (CEO မြစ်မခ မီဒီယာ)
ကျွန်မတို့ မီဒီယာသမားတွေက လည်း စတုတ္ထမဏ္ဍိုင်ဆိုတဲ့ အတိုင်း အစိုးရက ကြိုက်ခြင်း၊ မကြိုက်ခြင်း အပေါ် ခံစားလို့ မရဘူး၊ ရေးသင့် ရေးထိုက်တာ၊ ပြောသင့်ပြော ထိုက်တာကို မီဒီယာသမားတွေက ပြောရမှာ၊ ပြောတဲ့အခါ ကျရင် ပြည် သူကြိုက်တဲ့ အစိုးရပေမယ့် မီဒီယာသမားတွေအနေနဲ့ ပြောသင့် ပြောထိုက်တာကို ပြောရမယ်၊ အဲလို ဆိုရင် ပြည်သူနဲ့ မီဒီယာ အကြား ပဋိပက္ခရှိလာနိုင်တယ်။ ဒီနေ့ ရုပ်သံ လွှင့်မီဒီယာ ဥပဒေနဲ့ပတ်သက်ပြီး နည်းနည်းဆွေးနွေးကြတယ်။ ကျွန်မ အနေနဲ့ ပိုစိတ်ဝင်စားတာက ရုပ်သံ လွှင့်မီဒီယာဥပဒေကိုလည်း စိတ်ဝင် စားတယ်။ သမ္မတကြီး ဦးသိန်းစိန် အစိုးရသက်တမ်းအတွင်းမှာ ဒါကို အကောင်အထည် ဖော်တယ်။ ဒါပေမယ့် မအောင်မြင်လိုက်ဘူး။ နောက်အစိုးရ သစ်သက်တမ်းမှာ နည်းဥပဒေ ထုတ်ပြန်နိုင် တဲ့ အနေ အထားရှိတယ်။ စိတ်ဝင်စားစရာ ကောင်းပါတယ်။ မီဒီယာသမားတွေ ကတော့ မီဒီယာသမားဆိုတဲ့ အတိုင်းပဲ ကြိုက်ခြင်း၊ မကြိုက် ခြင်းအပေါ် မခံစားဘူး။ ပြောသင့် ပြောထိုက်တာကို ပြောရမယ်။ လက်ရှိအနေအထားထိ မြန်မာ နိုင်ငံမှာ လွတ်လပ်စွာသတင်းရယူ ပိုင်ခွင့်မရှိသေးဘူး။Media Law လို့ပြောရင် လွတ်လပ်စွာ သတင်းရ ယူပိုင်ခွင့် ဘယ်လောက်အတိုင်း အတာအထိ လိုသလဲ၊ အမြဲတမ်း ထည့်သွင်းစဉ်းစားသင့်တယ်။

No comments:

Post a Comment