Thursday, November 26, 2015

မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီး ဌာပနာတော်သွင်း၊ မြသပိတ်၊ ရွှေကြာသင်္ကန်းတော်ကပ်၊ ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာနှင့် ရေစက်ချအောင်ပွဲမင်္ဂလာ ကုသိုလ်တော်အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး တက်ရောက်ကြည်ညို







နေပြည်တော် နိုဝင်ဘာ ၂၆
မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီး ဌာပနာတော်သွင်း၊ မြသပိတ်၊ ရွှေကြာ သင်္ကန်းတော်ကပ်၊ ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာနှင့် ရေစက်ချအောင် ပွဲမင်္ဂလာ ကုသိုလ်တော် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဥတ္တရသီရိမြို့ နယ် အောင်မောဠိတောင်ညွှန့်၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်း တို့ တက်ရောက်ကြည် ညိုကြသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသော ဆရာတော်၊ သံဃာတော် များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့်အတူ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း နှင့်ဇနီး၊ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့်ဇနီး၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး၊ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမြသိန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ကြည်ညိုကြ သည်။
ရှေးဦးစွာ ဌာပနာတော်သွင်းအခမ်းအနားကို ကျင်းပရာ မင်္ဂလာအချိန်ကျရောက် သည်နှင့် နိုင်ငံတော်သမ္မတက မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီး၏ ဌာပနာတော် တိုက်အတွင်းသို့ ဓာတုစေတီ၊ ဓမ္မစေတီ၊ ပရိဘောဂစေတီ၊ ဥဒ္ဓိသစေတီ စသည့်စေတီ ၄ မျိုးပါဝင်သည့် ဌာပနာတော်များကို သွင်းလှူပြီး ကျောက်မျက်ရတနာများ ထည့်သွင်း ခင်းကျင်းကာ ပရိတ်အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပူဇော်သည်။
ယင်းနောက် ဗန်းမော်ဆရာတော်ဘုရားကြီး အမှူးပြုသော ဆရာတော် အရှင် သူမြတ်များက ဇယန္တောဗောဓိယာမူလေ အစချီသော ဇယမင်္ဂလာ အောင်ဂါထာကို ရွတ်ဆိုပူဇော်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်းတို့က မဟာသကျရံသီရုပ် ရှင် တော်မြတ်ကြီး အား ရွှေကြာသင်္ကန်းတော်၊ မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်နှင့် သောက်တော် ရေချမ်းတို့ကို ကပ်လှူပူဇော်ကြသည်။
ထို့နောက် ဗုဒ္ဓါဘိသေက အနေကဇာတင်မဟာမင်္ဂလာ အခမ်းနားကို ဆက်လက် ကျင်းပရာ ဗန်းမော် ကျောင်းတိုက် ဆရာတော်အမှူးပြုသော ဆရာတော်အရှင်သူမြတ် များက ဥဒါန်းပါဠိတော်လာနည်းအတိုင်း မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီး ကို ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းတော်မူကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့က မဟာသကျရံသီရုပ်ရှင်တော် မြတ်ကြီးတည် မဟာမင်္ဂလာ ကမ္ပည်းမော်ကွန်းကျောက် စာတော်အား စက်ခလုတ်နှိပ်ဖွင့် လှစ်ပေးပြီး အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးကြသည်။
ဆက်လက်၍ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်ဇနီး၊ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့်ဇနီး၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမြသိန်း၊ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးတို့က ကမ္ပည်းမော်ကွန်း ကျောက်စာအား အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးကြသည်။
ယင်းနောက် ရုပ်ရှင်တော်မြတ်ကြီး၏ ရေစက်ချအောင်ပွဲမင်္ဂလာ အခမ်းအနားကို ဆက်လက်ကျင်း ပရာ နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့် ဧည့်ပရိသတ်များက ဗန်းမော် ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာ  ရာဘိဝံသ ထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် တော် မူသော မေတ္တသုတ်တော်၊ ရတနာသုံးပါးဂုဏ်တော်နှင့် ပုဗ္ဗဏှသုတ် ပရိတ်တရား တော်များကို နာယူကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့က မဟာသကျရံသီရုပ်ရှင်တော်မြတ် ကြီးပုံတော်နှင့် လှူဖွယ်ပစ္စည်းများကို ဗန်းမော်ကျောင်းတိုက်ဆရာတော်ထံ ဆက်ကပ် လှူဒါန်းသည်။
ဆက်လက်၍ ဒုတိယသမ္မတများနှင့်ဇနီးများ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ နှင့်ဧည့်ပရိတ်သတ်များက ဆရာတော်ကြီးများထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။
ယင်းနောက် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွှန့်က မဟာသကျရံသီ ရုပ်ရှင်တော် မြတ်ကြီးအား တည်ဆောက်ခဲ့ကြသည့် ဗိသုကာ အင်ဂျင် နီယာများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ချီး မြှင့်ပြီး ACE ကုမ္ပဏီမှ ဦးဇော်မိုးဝင်း က တည်ဆောက်ပြီးစီးအောင်မြင်ခဲ့သော ရုပ်ရှင်တော်မြတ်ကြီးအား မူလဘုရားဒါယကာ ဒါယိကာမများ ထံ ပြန်လည်အပ်နှံသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့နှင့်အတူ ဧည့်ပရိတ်သတ်များက  နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဒုတိယဥက္ကဋ္ဌ မန္တလေးမြို့ အတုလကာရီ ဆင်မင်း ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသြဘာသာဘိဝံသ ထံမှ အနု မောဒနာတရား နာကြား၍ ရေစက်သွန်းချအမျှပေးဝေကြပြီး  သံဃာတော်အရှင်သူမြတ် တို့အား နေ့ဆွမ်းဆက် ကပ်လှူဒါန်းကြသည်။
(သတင်းစဉ်)

No comments:

Post a Comment