Friday, November 27, 2015

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိ




နေပြည်တော် နိုဝင်ဘာ ၂၆
ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် (၁၆)ကြိမ်မြောက် အာဆီယံကြည်းတပ် ဦးစီးချုပ်များအစည်းအဝေး 16th ASEAN Chiefs of Army Multilateral Meeting (ACAMM-16)နှင့် (၁၅)ကြိမ်မြောက် အာဆီယံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ 25th ASEAN Armies Rifle Meet(25th AARM) ပိတ်ပွဲ အခမ်းအနားများသို့ တက်ရောက်ခဲ့သည့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ဒေသစံတော်ချိန်
မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာပြီး မွန်းလွဲ ၂ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးဇော်သိန်းနှင့် တပ်မတော်အရာရှိကြီးများ၊ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့ တပ်မတော် ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ်လိုက်ပါသွားကြသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တာဝန်ရှိသူများ ပြန်လည်လိုက်ပါလာခဲ့ကြောင်း သတင်းရရှိသည်။
(မြဝတီ)

No comments:

Post a Comment