Friday, November 27, 2015

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဝန်ကြီးအား သွားရောက်တွေ့ဆုံ


နေပြည်တော် နိုဝင်ဘာ ၂၆
ထိုင်းနိုင်ငံ၌ ရောက်ရှိနေသော ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် နိုဝင်ဘာ၂၄ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဝန်ကြီးအား သွားရောက်တွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အတူ အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များ တက်ရောက် ကြသည်။
တွေ့ဆုံပွဲတွင် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဝန်ကြီးနှင့် အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များသည် အာဆီယံရည်မှန်းချက်သို့ လျှောက်လှမ်းရာ၌ ဆောင်ရွက်ရမည့် တပ်မတော်အခန်းကဏ္ဍနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ထိုမှတစ်ဆင့် Anata Somakhom Throne Hall သို့ နံနက် ၁ဝ နာရီ မိနစ် ၄ဝ တွင်ရောက်ရှိရာ တာဝန် ရှိသူများက အမှတ်တရပစ္စည်းအရောင်းဆိုင်နှင့် အထိမ်းအမှတ်ပြတိုက်တွင် လိုက်လံရှင်းလင်းပြသသည်။
ယင်းနောက် မွန်းလွဲ ၂ နာရီတွင် ခေတ္တအခြေပြုရာ Siam Kempinski Hotel မှ ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် ည ၇ နာရီတွင် ဟွာဟင်းမြို့ Dusit Thani Hua Hotel သို့ ရောက်ရှိသည်။
(မြဝတီ)

No comments:

Post a Comment