Friday, October 23, 2015

ရှပ်ပုံကျေးရွာတွင် ဓမ္မစကူးလ် ကျောင်းသို့ ကျောင်းသား/သူ ၅၅၀ တက်ရောက်သင်ကြား



ပုလော အောက်တိုဘာ ၂၂
ကျောင်းသားလူငယ်လေးများကို လိမ္မာယဉ်ကျေးမှုရှိစေရန်နှင့် အမျိုးသားရေး စိတ်ဓာတ်ရှိစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင်၊ ပုလော မြို့နယ်တွင် ရပ်ကွက်/ကျေးရွာ ဘုန်းတော်ကြီးကျောင်းများတွင် ဆရာတော်၊ သံဃာတော်များနှင့် လူငယ်များ ပေါင်းစပ်ကာ ဓမ္မစကူးလ် သင်တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါသည်။

ထိုသို့ သင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ပုလောမြို့နယ် ၊ ရှပ်ပုံကျေးရွာ ရှပ်ပုံကျောင်းကြီး ဘုန်းတော်ကြီး ကျောင်းတွင် ရှပ်ပုံကျေးရွာအုပ်စုရှိ ရှပ်ပုံ၊ ရေချို၊ တံမျှား၊ ပြင်းငယ်၊ မီးလောင်အော်၊ သမုတ်တောင် စသည့် ကျေးရွာ(၆)ရွာ မှ ကျောင်းသား/ကျောင်းသူ (၅၅၀) ဦးခန့် တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် ဆရာတော် ဦးအဂ္ဂ၀ံသမှ တရားရေအေးတိုက်ကျွေးပြီး သဟ ဓမ္မကာရီ (လူငယ်အဖွဲ့)မှ သင်ခန်းစာ များကို ပို့ချကာ ၀ါတွင်းကာလတွင် အပတ်စဉ် ဥပုသ်နေ့၊ ၀ါကျွတ်ကာလ တွင် တနင်္ဂနွေနေ့တိုင်း သင်ကြားပို့ချလျက် ရှိကြောင်းသိရသည်။
ပုလော ပြန်/ဆက်

No comments:

Post a Comment