Friday, October 23, 2015

ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကမ္ဘာ့ဘဏ်မှ မြိတ်တွင် လာရောက်ဆွေးနွေး




မြိတ် အောက်တိုဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အပံ့ပေး ရန်နှင့် ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရေး အတွက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး ဆွေးနွေးပွဲကို အောက်တိုဘာလ(၂၂)ရက် နံနက်(၁၁း၃၀)နာရီက GRAND JADE ဟိုတယ် အစည်းအဝေး ခန်းမတွင် ကျင်းပသည်။


ဆွေးနွေးပွဲတွင် ကမ္ဘာ့ဘဏ်မှ SeniorOpertations Officer Mr. Charles Schneider က ကမ္ဘာ့ဘဏ်မှ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများမှ ဟိုတယ်နှင့် ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကမ္ဘာ့ဘဏ်မှ ကူညီပေးနိုင်ရေး ဆွေးနွေးပြောကြားသည်။ ဆွေးနွေးပွဲတွင် ကမ္ဘာ့ဘဏ်မှ နိုင်ငံတကာမှ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးတွင် ကူညီဆောင်ရွက်ပေးမှု အတွေ့အကြုံများ၊ မြိတ်ဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး၊ ရင်းနှီးမြုပ်နှံမှု ဒေသတွင်း စီးဝင်လာရေး ကဏ္ဍများကို ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ဟိုတယ်လုပ်ငန်းရှင်များနှင့် ခရီးသွားလုပ်ငန်းရှင်များက ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် ကမ္ဘာ့ဘဏ်မှ ကူညီဆောင်ရွက်ပေးမည့် အစီအစဉ်များအား မေးမြန်းခဲ့ကြရာ ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများက လောလောဆယ်အနေဖြင့် နည်းပညာပိုင်း အဖြစ်သာ ကူညီဆောင်ရွက်ပေးနိုင် မည် ဖြစ်ကြောင်း ဆွေးနွေး ပွဲများလည်း လာရောက် ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။     
ရိုက်ကူးပေးပို့သူ - ခိုင်ထူး ( မြိတ်ခရိုင် ပြန်/ဆက်)

No comments:

Post a Comment