Friday, October 23, 2015

၂၀၁၅ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ပြင်ပရောက် မဲဆန္ဒရှင်များ မဲစာရင်းတွင် ပါဝင်ရန် ပုံစံ (၃-က) ဖြင့် လျှောက်ထားလာမှု အခြေအနေအား သတင်းထုတ်ပြန်ခြင်း

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ  ၂၃  ရက်
၁။         ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ၁၀ ပါ ပြဋ္ဌာန်းချက်များနှင့် အညီ အနည်းဆုံး ရက်ပေါင်း ၁၈၀ ထက်မနည်း မဲဆန္ဒနယ် ပြင်ပရောက် မဲဆန္ဒရှင်များအား မိမိတို့၏ အမြဲတမ်း နေရပ်သို့ သွားရောက်ပြီး မဲပေးလိုခြင်းမရှိပါက မိမိတို့ ရောက်ရှိနေသော မဲဆန္ဒနယ်တွင် ရွေးကောက် ခံသော လွှတ်တော် ကိုယ်စားလှယ် လောင်းများကို ဆန္ဒမဲ ပေးနိုင်ခွင့်ရရှိစေရေး အတွက် ၁၀.၁၀.၂၀၁၅ ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများသို့ ပုံစံ (၃-က)ဖြင့် လျှောက်ထား သွားကြရန် ၁၀.၇.၂၀၁၅ ရက်စွဲပါ ကြေညာချက် အမှတ် (၃၄/၂၀၁၅) ဖြင့် ထုတ်ပြန် ကြေညာခဲ့ ပါသည်။


၂။         နိုင်ငံတစ်ဝန်းလုံးတွင် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများသို့  ပုံစံ (၃-က) ဖြင့် လျှောက်ထားလာသူ စုစုပေါင်း ၁၀၃၁၅၅၉ ဦးရှိပါသည်။ ပုံစံ (၃-က) ဖြင့် အများဆုံး လျှောက်ထားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ ရန်ကုန်တိုင်း ဒေသကြီးတွင် ၆၀၄၉၆၂ ဦး၊ မန္တလေး တိုင်းဒေသကြီးတွင် ၁၂၀၁၀၅ ဦး၊ ကချင် ပြည်နယ်တွင် ၇၁၉၇၀ ဦး၊ ရှမ်းပြည်နယ်တွင် ၅၈၈၈၄ ဦး၊ ပြည်ထောင်စု နယ်မြေတွင် ၄၅၇၈၄ ဦး ဖြစ်ကြောင်း အသိပေး ကြေညာ အပ်ပါသည်။

No comments:

Post a Comment