Thursday, October 1, 2015

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ခရီးသည်တင် မှန်လုံယာဉ်အား လေးဂွနှင့် ပစ်ခတ်မှုဖြစ်ပွား


နေပြည်တော် စက်တင်ဘာ ၃၀
စက်တင်ဘာ ၂၉ ရက် ညနေ ၅ နာရီ  မိနစ် ၂၀တွင် ရန်ကုန်-မန္တလေးအမြန် လမ်းမကြီး အတိုင်း မန္တလေးမှရန်ကုန်သို့ ယာဉ်မောင်း ကိုကိုဦး(၃၃)နှစ်(ဘ) ဦးစောမင်း၊ အမှတ်(၁၁)၊ မြေစာရင်း လမ်း၊ ဗဟိုကွက်သစ်ရပ်ကွက်၊ ချောက်မြို့နေသူ မောင်းနှင် လာသော 7J/6246  မြသရဖူ ခရီးသည်တင် မှန်လုံယာဉ်သည်မိုင်တိုင်အမှတ်၊ ၄၅/၅ အရောက် လမ်း၏ အနောက် ဘက်ခြမ်းမှ လေးခွဖြင့် ပစ်ခတ်ခဲ့သဖြင့် ယာဉ်၏ ယာဘက်ခြမ်းထိုင်ခုံအမှတ်(၁၁/၁၂)ရှိ လေကာမှန်အား ထိမှန်၍ ကွဲကြေ သွားခဲ့သည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းမှ ဘောနတ်ကြီးအမြန်လမ်းမကြီး ရဲစခန်း သို့ဖုန်းဖြင့် ဆက်သွယ် အကူအညီ တောင်းခံ ခဲ့ရာ စခန်းမှူး ဒုရဲမှူး သန်းဦးမှ မိုင်တိုင် အမှတ်၊ ၄၀/၀ အနီး ရောက်ရှိနေသော ရဲအုပ် မျိုးမင်းထွန်း ဦးဆောင်သည့် လှည့်ကင်း အဖွဲ့အား စကားပြောစက်ဖြင့် ဆက်သွယ်အကြောင်းကြား၍ အခင်းဖြစ် ပတ်ဝန်းကျင်အား ပိတ်ဆို့စေခဲ့ပြီး စခန်းမှူးနှင့် ရဲအုပ် စိုးမိုးရှိန် ဦးဆောင်သော အဖွဲ့(၂)ဖွဲ့မှအခင်းဖြစ်ရပ်သို့အချိန်နှင့်တပြေးညီရှာဖွေခဲ့ရာ  အမြန်လမ်း မကြီး၏ အနောက်ဘက် ပေ ၃၆၀ ခန့်အကွာ တောင်ကုန်းပေါ်ရှိ ချုံများကြားတွင် ပုန်းအောင်း နေသော တရားခံ မျိုးဆန်းဦး (၁၇)နှစ်(ဖ)ဦးမောင်မြင့်၊ ဗမာ/ဗုဒ္ဓ၊ ကျပန်း၊ ဘောနတ်ကြီးကျေးရွာ၊ ပဲခူးမြို့နေသူအား သားရေကြိုး တပ်သစ်သား လေးခွတစ်လက်၊ လေးခွ ပစ်ရာတွင် အသုံး ပြုသည့် ငါးမူးလုံးခန့်ရှိ ကျောက်ခဲမျိုးစုံ ၂၂ လုံး၊ အရိုးအသွား ၂၁ လက်မခန့်ရှိ ဓါးမတစ်ချောင်းတို့နှင့်အတူ တွေ့ရှိ ဖမ်းဆီး ရမိသည်။

သို့ဖြစ်၍ 7J/6246    မြသရဖူခရီးသည်တင် မှန်လုံယာဉ်အား လေးခွဖြင့်ပစ်ခတ်ခဲ့သူ မျိုးဆန်းဦးအား ဘောနတ်ကြီး အမြန် လမ်း မကြီးရဲစခန်းမှ (ပ)၁၂/၂၀၁၅၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၂၇၉-က/၄၄၀ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment