Thursday, October 1, 2015

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော ရေဘေးသင့်‌ပြည်သူများအတွက် အလှူငွေနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်း


နေပြည်တော်  စက်တင်ဘာ ၃၀ 
ရေကြီး၊ ရေလျှံမှုနှင့် မြေပြိုမှုများကြောင့် ဘေးသင့်‌ခဲ့သော ဒေသများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အတွက် ပြည်တွင်း/ ပြည်ပ အစိုးရများ၊ အဖွဲ့အစည်းများ၊ ပြည်သူများက အလှူငွေနှင့် ပစ္စည်းများ ပေးအပ်လှူဒါန်း လျှက်ရှိရာ ထိုင်းနိုင်ငံ KASIKORNBANK (K Bank )မှ အမေရိကန်ဒေါ်လာ (၁၀၀,၀၀၀)အား ပေးအပ် လှူဒါန်းပွဲ အခမ်းအနားနှင့် Sustainable Water Management အလုပ်ရုံ ဆွေးနွေးပွဲကို စက်တင်ဘာ (၃၀)ရက် နံနက်(၉)နာရီတွင် နေပြည်တော်ရှိ Park Royal Hotel တွင် ကျင်း ပသည်။

အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် တာဝန်ခံ ညွှန်   ကြားရေး မှူးချုပ်၊ ဦးစိုးအောင်၊ မြန်မာနိုင်ငံဗဟိုဘဏ်မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်နှင့် First Senior Of KASIKORN Bank Mr, Pattanapong Tansomboon တို့မှ အသီးသီးအမှာစကားပြောကြားသည်။
ထို့နောက် အလှူငွေ အမေရိကန်ဒေါ်လာ (၁၀၀,၀၀၀)အား First Senior Of KASIKORN Bank Mr, Pattanapong Tansomboonမှ ပေးအပ်လှူဒါန်းရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် တာဝန်ခံ ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံ ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ်တို့မှ လက်ခံ ရယူခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။

ယင်းနောက် အလုပ်ရုံ ဆွေးနွေးပွဲအား ဆက်လက် ကျင်းပခဲ့ရာ နေ့လည် (၁၂)နာရီ အချိန်တွင် ပြီးစီးကြောင်းနှင့် အခမ်း အနားသို့ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment