Tuesday, September 22, 2015

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး မြန်မာနိုင်ငံ ဆိုင်ရာ UNDP အကြီးအကဲ Ms. Renata Lok-Dessallien နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် စက်တင်ဘာ ၂၂
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် မြန်မာနိုင်ငံ ဆိုင်ရာ UNDP အကြီးအကဲ Ms. Renata Lok-Dessallien နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံ ရာ ကော်မရှင်အဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌမှ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် UNDP မှ ကူညီဆောင်ရွက် မှုများအတွက် ကျေးဇူး တင်ကြောင်းနှင့် ရွေးကောက်ပွဲ အတွက် ပြင်ဆင်ဆောင်ရွက်နေမှု  များအား ရှင်းလင်း ပြောကြား သည်။
UNDP အကြီးအကဲမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများစိစစ်ခြင်းကိစ္စ၊ ကြိုတင်မဲနှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးအဖွဲ့များ လေ့လာ ကြည့်ရှုနိုင်မည့် အခြေအနေ၊ မဲဆန္ဒရှင်သက်သေခံလက်မှတ် ထုတ်ပေးမည့် ကိစ္စ၊ IDPs Camp တွင် ရောက်ရှိနေသူများ မဲပေးနိုင်ရေးနှင့်စပ် လျဉ်း ၍ ဆောင်ရွက်ထားရှိမှု ကိစ္စရပ်တို့ အားမေးမြန်းခဲ့ပြီး ရွေးကောက်ပွဲ အတွက် အကူအညီပေးလျှက်ရှိသည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ဆောင်ရွက်နေမှုများ ရှင်းလင်းပြောကြား ခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ် လောင်း စိစစ်ခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော် (၃)ရပ်အတွက် ကိုယ်စား လှယ်လောင်းများကို ခရိုင်အဆင့်ကော်မရှင် အဖွဲ့ခွဲများမှ တာဝန်ယူဆောင်ရွက်ပြီး အယူခံမှုများကို တိုင်းဒေသကြီး၊ ပြည်နယ်ကော်မရှင်အဖွဲ့ခွဲများမှ ဆုံးဖြတ်အတည်ပြု ကြောင်း၊ တိုင်းရင်းသား လူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်းများကိုမူ တိုင်း ဒေသကြီး၊ ပြည်နယ်ကော်မရှင်အဖွဲ့ခွဲများမှစိစစ်ပြီး အယူခံမှုကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ စိစစ်အတည်ပြုကြောင်း၊ စိစစ်ရာတွင် ကော်မရှင် အဖွဲ့ခွဲများအနေဖြင့် ရွေးကောက်ပွဲ ဥပဒေအရစိစစ်ပြီး ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးအချက် အလက်များ အား ပြည်ထဲရေး ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနတို့မှ စိစစ်ဆောင်ရွက်ပါကြောင်း။
လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန အနေဖြင့် နိုင်ငံသားဖြစ်ခြင်း မဖြစ်ခြင်းအပေါ် စိစစ်ပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ် လောင်းမှာ ၎င်းမွေးဖွားစဉ်က မိဘနှစ်ပါး သည် နိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး မဖြစ်ပါက ရွေးချယ် ခံပိုင်ခွင့်မရှိကြောင်းကို ဥပဒေတွင်ပြဋ္ဌာန်း ထားပါကြောင်း၊ မိဘနှစ်ပါး နိုင်ငံသားဖြစ်ခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်က ခိုင်လုံသော သက်သေအထောက်အထား တင်ပြရမှာဖြစ်ပြီး လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားမဖြစ်ကြောင်းကို တင်ပြရမည် ဖြစ်ကြောင်း၊ ခရိုင်နှင့် တိုင်းဒေ သကြီး/ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအနေဖြင့် ဥပဒေနှင့်အညီသာ စိစစ်ဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းရင်းသား လူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်း (၃)ဦးအား ပြည်နယ်ကော်မရှင်အဖွဲ့ခွဲမှပယ်ချခဲ့၍ ကော်မရှင်သို့ အယူခံခဲ့ခြင်း ကိုစိစစ်ပြီး ရွေးချယ်ခံခွင့်ပြုခဲ့ပါကြောင်း၊ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၃ အရ ခရိုင်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့်တွင် ပယ်ချခဲ့သည့် (၉၆)ဦးအား ဆုံးဖြတ်ချက်မှားယွင်းမှုမရှိစေရန် ပြန်လည်စိစစ် သုံးသပ် ခဲ့ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း (၆၁၀၉) ဦးအနက် (၇၅) ဦးသာ ပယ်ချခြင်းခံရသဖြင့် ၁.၂၁ % သာ ဖြစ်ပါကြောင်း။
ကြိုတင်မဲပေးခြင်းကို လေ့လာကြည့်ရှု့ခွင့်နှင့်စပ်လျဉ်း၍ မဲဆန္ဒနယ်အတွင်းရှိ မဲဆန္ဒရှင်များ ကြိုတင်မဲပေးခြင်းနှင့် မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ ကြိုတင် မဲပေးခြင်းကို ဥပဒေ ပြဋ္ဌာန်းချက်များဖြင့် ရှင်းလင်းပြောကြားပြီး ပွင့်လင်းမြင်သာမှု ရှိအောင် နည်းဥပဒေ၊ လုပ်ငန်း လမ်းညွှန်များကို ပြင်ဆင်၍ CSO များ၊ နိုင်ငံရေးပါတီ များသို့ချပြပြီး အားနည်း ချက်ရှိက အကြံပြုရန် ရယူဆောင်ရွက်ခဲ့ ပါကြောင်း၊ ဥပဒေ နည်းဥပဒေများကိုသိရှိပြီး လိုက်နာ၊ အကာအကွယ် ယူပါက ကြိုတင်မဲပေးခြင်းအပေါ် သံသယဖြစ်ဖွယ်မရှိပါကြောင်း။
မဲဆန္ဒရှင်သက်သေခံလက်မှတ်ထုတ်ပေးခြင်းနှင့် စပ်လျဉ်း၍ ရေဘေး သင့် ဒေသများသာမက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဲစာရင်းတွင် ပါရှိသူအားလုံးကို ထုတ်ပေးမည်ဖြစ်ကြောင်း၊ မဲပေးရာတွင် လွယ်ကူ လျှင်မြန်စေရန်၊ သက်သေခံကဒ် များ ပျောက်ဆုံးပါကလည်း မဲပေးနိုင်ရန်နှင့် နောင်ရွေးကောက်ပွဲများအတွက် မှန်ကန်သော မဲစာရင်းပြုစု နိုင်ရန် ရည်ရွယ်ချက် (၃)ချက်ဖြင့်    ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊မဲဆန္ဒရှင်သက်သေခံလက်မှတ် ပျောက်ဆုံးသော်လည်း မဲစာရင်းတွင်ပါရှိကအခြားသက်သေခံကဒ် တစ်ခုခုပြနိုင်လျှင်   မဲပေးနိုင်ကြောင်း။
IDPs Camp များတွင် ရောက်ရှိနေသူများ မဲပေးခွင့်နှင့်စပ်လျဉ်း၍ IDPs Camp များတွင် သက်ဆိုင်ရာ Camp အလိုက် ရောက်ရှိ နေသူများ အမည်စာရင်းရှိကြောင်း၊ ၎င်းစာရင်းများအနက် အသက် (၁၈) နှစ်ပြည့်ပြီးသော ဥပဒေအရ မဲပေးပိုင်ခွင့် ရှိသူများ မဲပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

No comments:

Post a Comment