တည်ငြိမ်အေးချမ်းမှုတွင် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေး၊
တရားဥပဒေစိုးမိုးရေး၊ တရားဥပဒေနှင့် အညီ လုပ်ဆောင်နိုင်ရေးတို့ မရှိမဖြစ်လိုအပ်ကြောင်း၊သို့ဖြစ်၍တည်ငြိမ် အေးချမ်းအောင် ကြိုးပမ်းဆောင်ရွက် နေခြင်းဖြစ် ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လွိုင်ကော်တပ်နယ်ရှိ အရာရှိ၊
စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံစဉ်ပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ ၊ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ
လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် လွိုင်ကော်မြို့သို့ ရောက်ရှိကြရာ ကယားပြည်နယ်
ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အေးဝင်းနှင့်
တပ်မတော် အရာရှိကြီး များ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များက
လေဆိပ် တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
ထိုနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လွိုင်ကော်
တပ်နယ်ခန်းမ၌ တပ်နယ်ရှိ အရာရှိ၊စစ်သည်၊မိသားစုများနှင့် တွေ့ဆုံပြီး မိမိတို့နိုင်ငံသည်
လူဦးရေသန်း ၅၀ ကျော်ရှိပြီး တိုင်းရင်းသားများဖြင့်ဖွဲ့စည်း ထား သည့် ပြည်ထောင်စုနိုင်ငံဖြစ်ကြောင်း၊
ကိုလိုနီဖြစ်ခဲ့စဉ် ခွဲခြားအုပ်ချုပ်မှု များကြောင့် တိုင်းရင်းသားများအကြား အထင်အမြင်
လွဲမှုများဖြစ်ပေါ်ကာ စည်းလုံးညီညွတ်မှုပြိုကွဲပြီး လက်နက် ကိုင်ပြဿနာများ ဖြစ်ပေါ် ခဲ့ကြောင်း၊
လွတ်လပ်ရေး ရပြီးနောက်ပိုင်း ပါလီမန် အစိုးရ၊ တော်လှန်ကောင်စီ အစိုးရ၊ မြန်မာ့ ဆိုရှယ်လစ်
လမ်းစဉ် ပါတီအစိုးရ၊ တပ်မတော် အစိုးရနှင့် ယခုရွေးချယ်ခံ အစိုးရ အထိ အစိုးရ အဆက်ဆက်
က လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးကို နည်းလမ်း ပေါင်းစုံဖြင့် ကြိုးစားခဲ့ကြကြောင်း၊
အောင်မြင် သည့် အဖွဲ့များရှိသကဲ့သို့ ညှိနှိုင်းဆဲ အဖွဲ့များလည်း ရှိကြောင်း၊ ယခုအချိန်
တွင် ငြိမ်းချမ်းရေး ဆွေးနွေးမှု များကို ပြည်နယ် အဆင့်၊ တိုင်းအဆင့်နှင့်ပြည်ထောင်စုအဆင့်
ပြုလုပ်ခဲ့ပြီး ဃြဗ စာချုပ် ချုပ်ဆိုရန် နောက်ဆုံး မူကြမ်း အတည်ပြုပြီးသည့် အဆင့် ရောက်
ရှိနေပြီဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး သည် မရှိမဖြစ်လိုအပ်ကြောင်း၊
ပြည်သူ လူထု၏ အသက်အိုးအိမ် စည်းစိမ်နှင့် အကျိုးစီးပွားကို ဖော်ဆောင်ပေးရန်၊ ကာကွယ်
စောင့်ရှောက် ပေးရန် တိုက်တွန်းမှာကြားလိုကြောင်း။
၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်တွင် လွှတ်တော်အရပ်ရပ်အတွက်
ပြည်သူ့ ကိုယ်စား လှယ်များ ရွေးချယ်ရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများ မဲဆန္ဒပေးရာ တွင်
တိုင်းပြည်အပေါ်ကောင်းအောင်လုပ်နိုင်မည့်သူ၊ ဒို့တာဝန် အရေး သုံးပါးကို ထိန်းသိမ်း စောင့်ရှောက်နိုင်သူ၊
နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကာကွယ်ရေးအမြင်လေးမြင် ရှိသူနှင့် တပ်မတော်
အပေါ် နားလည်မှု ရှိသူများကို အခြေခံစဉ်းစားပြီး တိုင်းပြည်အပေါ် စိတ်ကောင်း၊ စေတနာကောင်းနှင့်
လုပ်ဆောင်မည့် ပုဂ္ဂိုလ်မျိုးကို ရွေးချယ်ရန် လိုကြောင်း။
တပ်မတော်၏မူလတာဝန်မှာ နိုင်ငံတော်ကာကွယ်ရေး
တာဝန်ထမ်းဆောင် ရန်ဖြစ်သည့် အတွက် တိုက်စွမ်းရည်ရှိရန် လိုကြောင်း၊ တိုက်စွမ်း ရည်
မြင့်မားရေး အတွက် အခြေခံ လိုအပ်ချက်ဖြစ်သည့် တပ်မတော်သားများ ပညာရည် မြှင့်တင်ရေးနှင့်
လေ့ကျင့်ရေး ကိုတိုးမြှင့် လုပ်ဆောင်နေကြောင်း၊ တပ်မှူးများအနေဖြင့် တပ်တည် ဆောက်ရေး
လုပ်ငန်းကြီး ၄ ရပ် မှန်မှန် ကန်ကန်လုပ်ဆောင်၍ တိုက်စွမ်းရည် တိုးတက်အောင် လုပ်ဆောင်ကြရန်
၊ စစ်သည်များ မိမိကိုယ် ကိုထိန်းသိမ်းရန်၊ တာဝန်ရှိသူများကလည်း ဝိုင်းဝန်း ထိန်းသိမ်းကြရန်၊
ခေါင်းဆောင်အသီးသီးက တပ်မတော်၏ အစဉ် အလာ ကောင်းများ ကိုလိုက်နာရန်၊ တိုင်းပြည်နှင့်
တပ်မတော် အပေါ် သစ္စာရှိရှိတာဝန် ထမ်းဆောင်ကြ ရန်မှာကြားသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်ရှိ
အရာရှိ ၊ စစ်သည်၊ မိသားစုများ အတွက် သုတရသ စာအုပ် စာစောင်များနှင့် ကျောင်းသုံး ဗလာစာအုပ်
များကိုပေးအပ်ရာ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အေးလွင်က လက်ခံရ ယူသည်။
၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှက
တပ်နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း ရန်ပုံငွေများကိုလည်းကောင်း၊ စစ်ထောက်ချုပ်
ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် စစ်ဥပဒေချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်တို့က စားသောက်ဖွယ်ရာများကိုလည်းကောင်း၊
တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ် မောင်မောင်အေး က အားကစားပစ္စည်းများကိုလည်းကောင်း
ပေးအပ်ကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည်
လွိုင်ကော် တပ်နယ်မှ အရာရှိ၊စစ်သည်၊မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြ
ကြောင်း သတင်းရရှိသည်။
(မြ၀တီ)
No comments:
Post a Comment