မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ
ပညာပေးသင်တန်း အမှတ်စဉ်(၄/၂၀၁၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈နာရီခွဲတွင် နေပြည်တော်ရှိ
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်
ဥက္ကဋ္ဌ ဦးတင်အေးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အတွင်းရေးမှူး၊
Australian Electoral Commission နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ
တက်ရောက် ကြသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်ဥက္ကဋ္ဌက အမှာစကား ပြောကြားရာတွင် ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် အဓိကတာဝန်ယူ
လုပ်ဆောင်ကြရ မည့်သူများမှာ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ ဖြစ်၍ ရွေးကောက်ပွဲနေ့တွင်
ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ကျွမ်းကျွမ်းကျင်ကျင် ဆောင်ရွက်နိုင်ရန်၊ မဲရုံမှူးအနေဖြင့်
မဲရုံတွင် ဖြစ်လာနိုင်သည့် ပဋိပက္ခများ၊ ပြဿာနာများအပေါ် တွင်လည်း ဥပဒေနှင့်အညီ ဖြေရှင်းနိုင်ရန်
လိုအပ်ကြောင်း။
မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များကို
ခန့်အပ်ရာတွင် ဝန်ထမ်းများကို ဦးစားပေး ခန့်အပ်ရမည်ဖြစ်သော်လည်း မဲရုံအဖွဲ့ဝင်များအနေဖြင့်
အဆိုပါမဲရုံမဲစာရင်း တွင် ပါဝင်ပြီးဖြစ်သည့် အများပြည်သူ ယုံကြည်လေး စားခြင်းခံရသော
မဲဆန္ဒရှင် (သို့မဟုတ်)အဆိုပါ မဲဆန္ဒနယ်မြေအတွင်းရှိ ဒေသခံပြည်သူများလည်း ဖြစ်နိုင် ကြောင်း၊
သင်တန်း ပို့ချသည့်အခါ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များလက်စွဲပါ လမ်းညွှန်ချက်များအတိုင်း
ကျွမ်းကျွမ်း ကျင်ကျင် လုပ်ဆောင်နိုင်ရေး အတွက် သင်ကြားပေးရန်လိုအပ်သကဲ့သို့ လက်တွေ့ပိုင်းကိုလည်း
လေ့ကျင့်ပေး ရန်လိုကြောင်း။
ထို့ပြင် ပြည်တွင်း/ ပြည်ပရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များအား
ဖိတ်ခေါ်ထားကြောင်း၊ နိုင်ငံတကာမှ လည်းစောင့်ကြည့်လျက်ရှိကြောင်း၊ သေးငယ်သော အမှားကိုပင်
ပုံကြီးချဲ့ ဝေဖန်မှုများရှိနိုင်၍ မိမိတို့အားနည်းချက်ဖြစ်ပါက နိုင်ငံ၏ပုံရိပ်နှင့်
ဂုဏ်သိက္ခာထိခိုက်စေနိုင်သည်ကို သတိပြုရမည်ဖြစ်ကြောင်း။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲသည် မြန်မာနိုင်ငံအတွက်
လွတ်လပ်ရေးရပြီး နှစ်ပေါင်း(၆၇)နှစ်အတွင်း (၆)ကြိမ်မြောက် ရွေးကောက်ပွဲ ဖြစ်ကြောင်း၊
ရွေးကောက်ပွဲနှင့် ပတ်သက်၍ အတွေ့အကြုံ ဗဟုသုတ နည်းပါးသဖြင့် ကော်မရှင်အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်
လူတော် လူကောင်းများရွေးချယ် နိုင်ရေးကို ပညာပေး ဆောင်ရွက်လျှက်ရှိကြောင်း၊ CSO များ၊
ပါတီများကလည်း ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်း ခဲ့ပါကြောင်း၊ လူတော်လူကောင်းများကို
ရွေးချယ်မှသာ နိုင်ငံတော်၏ ဥပဒေပြုရေး၊ တရားစီ ရင်ရေးနှင့် အုပ်ချုပ်ရေး ကဏ္ဍများတွင်
ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ပြည်သူ လူထုတောင့် တနေသော ဖွံ့ဖြိုးတိုးတက်သည့်
မြန်မာ နိုင်ငံတော်ဖြစ်လာမည် ဖြစ်ကြောင်း။
သင်တန်းသားများအနေဖြင့်
ပြည်သူလူထုကို ရွေးကောက် ပွဲ၏ အနှစ်သာရ၊ ရည်ရွယ်ချက်တို့နှင့်အညီ လူထုကိုယ်စားလှယ်များ
မှန်ကန်စွာ ရွေးချယ် နိုင်ရေးအတွက် ပညာပေးဆောင်ရွက်ကြရန်လိုကြောင်း၊ ရွေးကောက်ပွဲတွင်
မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရေး ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အနေဖြင့် အလေးထား
ဆောင်ရွက်ပေးရန်နှင့် မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များကို သင်တန်းပို့ချချိန်တွင် ကျွမ်းကျွမ်းကျင်ကျင်ဖြင့်
ထိထိ ရောက်ရောက်ပို့ချရန်လိုကြောင်း၊ သို့မှသာ ရွေးကောက်ပွဲအောင်မြင်ရေး အတွက် အထောက်
အကူရ မည်ဖြစ်ကြောင်း ပြောကြားသည်။
၎င်းနောက် Australian Electoral
Commission မှ Ms. Robyn Whitney က ယခုသင်တန်းသည် ဆင့်ပွား သင်တန်းပို့ချရာတွင် လိုအပ်ချက်များကို
ဖြည့်ဆည်းပေးရန် ရည်ရွယ်ပါကြောင်း၊ သင်တန်းသားများကိုယ်တိုင် ပြန်လည်သင်ကြားရမည်ဖြစ်၍
သင်ခန်းစာ များကို အလေးအနက်ထားသင်ယူကြရန်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားပြီး ဖွင့်ပွဲ
အခမ်းအနား ကို ရုပ်သိမ်းခဲ့သည်။
အဆိုပါသင်တန်းအား တိုင်းဒေသကြီး/ ပြည်နယ်၊
ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ များမှ သင်တန်း သား(၅၁)ဦးဖြင့် စက်တင်ဘာ ၂၂ ရက်မှ
၂၃ ရက်ထိ နှစ်ရက်ကြာဖွင့်လှစ် မည်ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment