Thursday, September 24, 2015



ယာဉ်/လမ်းစည်းကမ်းစစ်ဆေးခြင်းဆောင်ရွက်နေသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်ကို ဓားဖြင့်ထိုးသူအား ဖမ်းဆီးအရေးယူ
နေပြည်တော်၊ စက်တင်ဘာ ၂၄
စက်တင်ဘာ ၂၄ ရက် နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၁၉×၆၆ လမ်းဆုံတွင် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များပူးပေါင်းအဖွဲ့သည် ယာဉ်/လမ်း စည်းကမ်းစစ်ဆေးစဉ် မတ္တရာမြို့နယ်၊ ကျောက်တံတားရွာနေ လှမျိုးထွန်း(၂၀)နှစ် စီးနင်းလာသော KENBO-125 CZI ဖြူ/နက်ကြား ရောင်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်လိုင်စင်မပါသဖြင့် ရဲတပ်သား ကျော်ဇင်ဦး က ယာဉ်မောင်းလိုင်စင်အား သိမ်းယူပြီး ပြေစာယူရန် ပြောဆိုနေစဉ် လှမျိုးထွန်းမှ ပြေစာမယူဘဲ ဆိုင်ကယ်အား မောင်းနှင် ထွက်ခွာသွားခဲ့ကြောင်း၊  နံနက် ၁၀ နာရီခန့်တွင် လှမျိုးထွန်းနှင့် ၎င်း၏အစ်ကိုဖြစ်သူ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်အပိုင်း(က)နေ လှစိုးထွန်း(၃၀)နှစ်တို့ ပြန်လည်ရောက်ရှိလာစဉ် ရဲတပ်သား ကျော်ဇင်ဦးမှ  ပြေစာယူရန်ပြောဆိုနေစဉ် လှစိုးထွန်းမှ လက်သီးနှင့်ထိုးပြီး   ခါးကြားတွင် ဝှက်ယူလာသည့် အရိုးအသွား(၁၁)လက်မခန့်ရှိ ဓားဖြင့်ထပ်မံထိုးသဖြင့် အနီးရှိ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများမှ ဝိုင်းဝန်းဖမ်းဆီးထိန်းသိမ်းခဲ့ရာ လှစိုးထွန်းအား ဦးခေါင်းပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပြီး   ရဲတပ်သား ကျော်ဇင်ဦးမှာ ဒဏ်ရာများရရှိခဲ့သဖြင့်  မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသစဉ်   နံနက် ၁၀ နာရီ မိနစ်၂၀ ခန့်တွင် သေဆုံးသွားခဲ့သဖြင့် လှမျိုးထွန်းနှင့် လှစိုးထွန်းတို့  နှစ်ဦးအား အမှတ်(၁)နယ်မြေ ရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment