Friday, September 25, 2015

သက်ဆိုင်ရာမဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကြိုတင်မဲပေးခြင်းနှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်း အဝေးကျင်းပ


နေပြည်တော် စက်တင်ဘာ ၂၄
သက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကြိုတင်မဲပေးခြင်းနှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်း အဝေးခန်းမ၌ ကျင်းပ ရာ ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကာကွယ် ရေး ဝန်ကြီးဌာန၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့တို့မှ တာဝန်ရှိသူများ၊ ကော်မရှင်အတွင်း ရေးမှူးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက အမှာစကား ပြောကြားရာတွင် သက်ဆိုင်ရာ မဲဆန္ဒနယ်ပြင် ပရောက် တပ်မတော်သားများနှင့် အတူနေ အိမ်ထောင်စုဝင်များ၊ ကျောင်းသားများ၊ သင်တန်း သားများ၊ အချုပ်ခံ နေရ သူများ၊ ဆေးရုံတက်ရောက် နေသော အတွင်းလူနာများနှင့် အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများသည် ကြိုတင်မဲပေးရန် ပုံစံ (၁၅)နှင့် တင်ပြ တောင်းခံရမှာ ဖြစ်ကြောင်း၊ သက်ဆိုင် ရာဌာနများမှ တာဝန်ရှိသူများ အနေဖြင့် ပုံစံ (၁၅)များကို သက်ဆိုင် ရာ မြို့နယ် အလိုက် ရပ်ကွက်/ကျေး ရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများထံသို့ ပို့ရမှာဖြစ်ကြောင်း၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲများ က သက်ဆိုင်ရာမဲဆန္ဒနယ် အလိုက် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ၏ မဲစာရင်းတွင် ပါဝင်ခြင်း ရှိ/မရှိ စိစစ်ပြီး မဲလက်မှတ်များကို သက်ဆိုင်ရာဌာနများသို့ ပေးပို့မှာဖြစ်ကြောင်း၊ သက်ဆိုင်ရာ တာဝန်ခံများက မဲဆန္ဒရှင်များ မဲပေး နိုင်ရေးဆောင်ရွက်ပြီး ဆန္ဒပြုပြီးသည့် ကြိုတင်မဲများကို သက်ဆိုင်ရာ မြို့နယ် ကော်မရှင်အဖွဲ့ခွဲများသို့ မဲပေးသည့်နေ့ ညနေ ၄ နာရီမတိုင်မီ အရောက် ပြန်လည်ပေးပို့ရမှာ ဖြစ်ကြောင်း။
ကြိုတင်မဲပေးရမည့် တပ်မတော် သားများအတွက် သက်ဆိုင်ရာမြို့နယ် ကော်မရှင်အဖွဲ့ခွဲက တောင်းခံ လာသည့်အခါ တပ်မှူးက ပြုစုပေးပို့ရ မှာဖြစ်ကြောင်း၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲများက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ် စု ကော်မရှင်အဖွဲ့ခွဲများ ၏ မဲစာရင်းတွင် ပါဝင်ခြင်းရှိ/မရှိ စိစစ်၍ ပါရှိက ပုံစံ(၁-၂)ဖြင့် မှတ်တမ်းတင်ထားပြီး ကြိုတင်မဲ လက်မှတ်များကို သက်ဆိုင်ရာ တပ်မှူးထံသို့ ပေးပို့ရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာတပ်မှူးက ကြိုတင်မဲ ပေးမည့် တပ်မတော် သားများ မဲပေး နိုင်ရေးဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဆန္ဒပြုပြီးသည့် ကြိုတင်မဲပါစာအိတ် များကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ထံသို့ ရွေးကောက်ပွဲကျင်းပသည့်နေ့ ညနေ ၄နာရီမတိုင်ခင် အရောက်ပေး ပို့ရမှာဖြစ်ကြောင်း၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲများသည် လက်ခံရရှိသည့် ဆန္ဒပြုပြီးသော လက်မှတ်ပါစာအိတ် များကို မှတ်ပုံတင်ကာ မဲပုံးထဲထည့်၍ လုံခြုံစွာ သိမ်းဆည်းထား ပါကြောင်း။
ရွေးကောက်ပွဲ ကျင်းပသည့်နေ့ ညနေ ၄ နာရီ မဲရုံပိတ်ချိန်တွင် ရေတွက်ပါကြောင်း၊ ရွေးကောက်ပွဲ ကျင်းပသည့် နေ့ ၄ နာရီနောက်ပိုင်း ရောက်ရှိလာသည့် ကြိုတင်မဲများကို ရေတွက်ခြင်းမပြုဘဲ ပယ်မဲအဖြစ် သတ်မှတ် ကြောင်း။
ကျောင်းသားများ၊ သင်တန်းသား များ၊ အချုပ်ခံနေရသူများ၊ အတွင်းလူနာများအတွက် ကြိုတင်မဲစာရင်း ကို ပုံစံ (၁-၁)ဖြင့်လည်းကောင်း၊ တပ်မတော်သားများနှင့် အတူနေ အိမ်ထောင်စုဝင်များအတွက် မဲ စာရင်းကို ပုံစံ(၁-၂)ဖြင့်လည်းကောင်း၊ အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပ တွင် ရောက်ရှိနေသူများအတွက် ကြိုတင်မဲစာရင်းကို ပုံစံ (၁-၃) ဖြင့် လည်းကောင်း၊ ရပ်ကွက်/ကျေးရွာ အုပ်စု ကော်မရှင်အဖွဲ့ခွဲများက မှတ်တမ်းပြုစုပါကြောင်း၊ ပြုစုထား သည့် ပုံစံ (၁-၁)၊ ပုံစံ (၁-၂)နှင့် ပုံစံ (၁-၃) တစ်စောင်စီကို ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ ရုံးတွင် ကပ်ထားကြေညာပြီး မိတ္တူ နှစ်စောင်ကို မြို့နယ်ကော်မရှင်အဖွဲ့ ခွဲသို့ပေးပို့ရကြောင်း၊ မြို့နယ် ကော်မရှင်အဖွဲ့ခွဲက တစ်စောင်ကို ကပ်ထားကြေညာပြီး တစ်စောင်ကို လက်ခံအဖြစ် သိမ်းဆည်းထား ကြောင်း။
သက်ဆိုင်ရာ ဌာနများအနေဖြင့် လည်း ပုံစံ (၁၅)ဖြင့် ကြိုတင်မဲတောင်း ခံသူများစာရင်းကို မှတ်တမ်းတင် ထားပြီး ကြိုတင်မဲထုတ်ပေးသည့်အခါ မဲဆန္ဒရှင်အား လက်မှတ်ရေးထိုးစေ၍ ဆန္ဒပြုပြီးသည့် ကြိုတင်မဲလက် မှတ်နှင့် စာအိတ်များပေး ပို့ရာတွင် ¤င်းပုံစံများကိုပါ အတူပေးပို့ရန်လို ကြောင်း။
လုပ်ငန်းစဉ်တိုင်းတွင် လုပ်ထုံးလုပ် နည်းစနစ်များ ရှိပါကြောင်း၊ အထောက်အထား မှတ်တမ်းမှတ် ရာများထားရှိ ဆောင်ရွက် ရန်လို ကြောင်း၊ ဆန္ဒမဲပေးသူများအား စနစ် တကျမဲပေးနိုင်ရေး ဆောင်ရွက်ပေးရန် လိုကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး ဆန္ဒမဲပေးရန်မကျန်ရှိစေရေး တာဝန်ရှိသူများက ဆောင်ရွက်ပေးရန် လိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက ကြိုတင်မဲပေးခြင်း လုပ်ငန်းစဉ်များအား အသေးစိတ်ရှင်း လင်းပြောကြားပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ က ကြိုတင်မဲပေးရန် ဆောင်ရွက် ထားရှိမှုများနှင့် သိရှိလိုသည်များကို မေးမြန်းရာ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌက ပြန်လည် ရှင်းလင်းဖြေကြား သည်။
ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက သက်ဆိုင်ရာဌာနများ အနေဖြင့် ပုံစံ(၁၅)ဖြင့် တောင်းခံသည့် ကြိုတင် ဆန္ဒမဲပေးသူများစာရင်းကို သတ်မှတ် ပုံစံ (၁-၁)၊ (၁-၂)၊ (၁-၃)များတွင် မဲစာရင်းပြုစု၍ ကြိုတင်မဲပေးသည့် အခါ မဲဆန္ဒရှင်ကိုယ်တိုင် လက်မှတ် ထိုးစေပြီး ၎င်းမဲစာရင်းကို ဆန္ဒပြုပြီး သည့် မဲလက်မှတ်များနှင့်အတူ ပေးပို့ ရန်လိုကြောင်း၊ မဲပေးခွင့်ရှိသူအားလုံး မဲပေးခွင့်ရရှိအောင် ဆောင်ရွက်ပေးရန် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment