Thursday, September 24, 2015

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း စင်ကာပူနိုင်ငံမှ MBA ကျောင်းသား ကျောင်းသူများအား လက်ခံတွေ့ဆုံ


နေပြည်တော်  စက်တင်ဘာ  ၂၄
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာ ကြသည့် စင်ကာပူနိုင်ငံ National University of Singapore မှ Master of Business Administration (MBA) ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနက် ၁၁ နာရီခွဲတွင် နေပြည် တော်ရှိလွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အတူ ပြည်သူ့လွှတ်တော် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် ဒေါ်အေးအေးမူနှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး စင်ကာပူနိုင်ငံမှ MBAကျောင်းသား၊ ကျောင်းသူ များပါဝင်သော လေ့လာရေးအဖွဲ့ဝင် (၁၄) ဦး တက်ရောက်ကြသည်။

No comments:

Post a Comment