Monday, September 28, 2015

ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ရုရှား-မြန်မာ ပူးတွဲကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ



နေပြည်တော် စက်တင်ဘာ ၂၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ရုရှား-မြန်မာ ပူးတွဲကော်မရှင်ဥက္ကဋ္ဌ မစ္စတာ အလက်ဇန်ဒါ ဖိုမင် ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့အား ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ၊ သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံရာတွင် ဒုတိယသမ္မတနှင့်အတူ ဒုတိယ၀န်ကြီး ဦးတင်ဦးလွင် ၊ ဦးဇင်ယော်နှင့် ဒေါ်လဲ့လဲ့သိန်းတို့ တက်ရောက်ကြပြီး ဧည့်သည်တော်ကိုယ်စားလှယ် အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E.Mr.Vasily Pospelov လည်း တက်ရောက်သည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ စစ်ဘက်နှင့် အရပ်ဘက်ဆိုင်ရာကဏ္ဍများတွင် အသုံး ပြုနိုင်ရန်အတွက် ရဟတ်ယာဉ်နှင့်သက်ဆိုင်သည့် လုပ်ငန်းများ၌ လာရောက် ရင်းနှီး မြှုပ်နှံရေး၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးနှင့် အကာအကွယ်ပေးခြင်းဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးရေး ၊ နှစ်နိုင်ငံ အကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမို မြှင့်တင်ရေးဆိုင်ရာများနှင့်စပ်လျဉ်း၍   ဆွေးနွေးကြသည်။ 

No comments:

Post a Comment