Monday, September 28, 2015

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံမတ်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် စက်တင်ဘာ ၂၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး မစ္စတာ ပီစနု စူဗန်နဂျာတာ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် (၁၁) နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနှင့်ထိုင်း နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်စေရေး နှင့် စပ်လျဉ်း၍   ရင်းနှီးစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယ၀န်ကြီး ဦးတင်ဦးလွင်၊ ဦးဟံစိန်၊ ဦးသန့်ရှင်း၊ ဒေါက်တာဝင်းမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

No comments:

Post a Comment