Monday, September 28, 2015

၂၀၁၅ ခုနှစ်အလွန် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် ကုလသမဂ္ဂ အဖွဲ့ဝင် ၁၉၃ နိုင်ငံ အတည်ပြု


နယူးယောက် စက်တင်ဘာ ၂၇
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ ကျင်းပလျက်ရှိသော အကြိမ်(၇၀)မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံအတွင်း စက်တင်ဘာ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပလျက်ရှိသော “ ၂၀၁၅ ခုနှစ် အလွန် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ကို” အတည်ပြုချက် ချမှတ်ရန် ကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံ ထိပ်သီး မျက်နှာစုံညီ အစည်းအဝေး၏ ပထမနေ့ အစီအစဉ်များအား ကုလသမဂ္ဂ အဖွဲ့ဝင် ၁၉၃ နိုင်ငံကတညီ တညွတ်တည်း အတည်ပြုခဲ့ကြ သည်။

အဆိုပါထိပ်သီးအစည်းအဝေးသို့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် လေ့လာ သူနိုင်ငံများမှ ခေါင်းဆောင်များ၊ ကုလသမဂ္ဂနှင့် ဆက်စပ် အဖွဲ့အစည်းများ၊ ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ အစိုးရမဟုတ်သည့် အဖွဲ့အစည်း များနှင့် ကမ္ဘာ့ ထိပ်တန်း စီးပွားရေး အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ထိပ်သီးအစည်းအဝေးသို့တက်ရောက်လာသည့် နိုင်ငံ ခေါင်းဆောင် များ နှင့် အစိုးရအဖွဲ့ကိုယ်စားလှယ်များက ထောင်စုနှစ် အလွန် ဖွံ့ဖြိုးမှု ရည်မှန်းချက် များ အကောင် အထည်ဖော်ရာတွင် တွေ့ကြုံခဲ့ ရသည့် အခက်အခဲ များ၊ ဖြစ်ပေါ်တိုးတက်မှုများ၊ မပြီးပြတ် သေး သည့် ကိစ္စရပ်များ၊ လက်ရှိ ရင်ဆိုင်နေရ သည့်စိန်ခေါ်မှုများနှင့် ၂၀၁၅ အလွန် ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက် ၍ အသီးသီး မှတ်ချက်ပြု ပြောကြားသည်။
ထိပ်သီးအစည်းအဝေး၏ ဒုတိယနေ့ဖြစ်သော စက်တင်ဘာ ၂၆ ရက် တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်း ပြောကြားခဲ့ ရာ၌ ယခု မျက်နှာစုံညီအစည်းအဝေးတွင် စဉ်ဆက် မပြတ် ဖွံ့ဖြိုး တိုးတက်မှု ရည်မှန်းချက်ပန်းတိုင် ၁၇ ခု ပါဝင်သည့် “မိမိတို့ ကမ္ဘာကြီးအား တိုးတက်ပြောင်းလဲပေးမည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုအတွက် ၂၀၃၀ အစီ အစဉ်” ကို ချမှတ်ခဲ့ကြောင်း၊ အဖွဲ့ဝင်နိုင်ငံ များအားလုံး ပါဝင် ၍ နှစ်နှစ်နီးပါး အသေးစိတ် ဆွေးနွေးရေးဆွဲခဲ့သည့် ယင်းအစီအစဉ်သည် လွန်ခဲ့သည့် ၁၅ နှစ်က ချမှတ် အကောင် အထည်ဖော်ခဲ့သော်လည်း မပြည့်မီသေးသည့် ထောင်စုနှစ်ဖွံ့ဖြိုးမှု ရည်မှန်းချက်များအပေါ် အခြေ ခံကာ လာမည့် ၁၅ နှစ်အတွက် အတူတကွ ဆောင်ရွက်ရမည့် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ကြိုးပမ်းမှုများကို လမ်းညွှန်ပေး မည်ဖြစ်ကြောင်း၊ ထောင်စုနှစ် ရည်မှန်းချက်များအား အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံ အနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ ရေနှင့်သန့်ရှင်းရေး စနစ်များနှင့် အလုပ် အကိုင် ဖော်ထုတ်ရေး ကဏ္ဍများ တွင် ရင်းနှီးမြှုပ်နှံရန် ပိုမိုအလေးပေး ဆောင်ရွက်ခဲ့ကြောင်း၊ နှစ်စဉ်အစိုးရ ဘတ်ဂျက်တွင် ယင်းလုပ်ငန်းများ အတွက် တိုးမြှင့်ခွဲဝေ လျာထားခဲ့ ကြောင်း၊ ထောင်စုနှစ် ရည်မှန်းချက် များ ပြည့်မီရေး အတွက် အခြား ဖွံ့ဖြိုးဆဲ နိုင်ငံများနည်းတူ ဦးစားပေး ဆောင်ရွက်ခဲ့ကြောင်း၊ ရင်ဆိုင်ခဲ့ရသည့် စိန်ခေါ်မှုများကို ကြိုးစားဖြေရှင်း ကျော်လွှားခဲ့သည့် နည်းတူ အနာဂတ်တွင် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများကိုလည်း ကုလသမဂ္ဂနှင့် အတူ လက်တွဲကျော်လွှားနိုင်မည်ဟု ယုံကြည် ကြောင်း စသည်ဖြင့် ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် ကိုလံဘီယာသမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး မစ္စစ်မာရီယာ အိန်ဂျယ်လာ ဟိုလ်ကွန်းကွေလာနှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ တော်အစိုးရနှင့် ကိုလံဘီယာ သမ္မတနိုင်ငံ အစိုးရတို့ အကြား နည်းပညာပူးပေါင်းဆောင် ရွက်ရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာ တစ်ရပ်ကို ကုလသမဂ္ဂအဆောက်အအုံ၌ တွေ့ဆုံလက်မှတ် ရေးထိုးသည်။
ဖော်ပြပါစာချုပ်အရ မြန်မာနိုင်ငံနှင့် ကိုလံဘီယာနိုင်ငံ တို့သည် မိမိတို့နိုင်ငံ၏ ဥပဒေများနှင့်အညီ အပြန်အလှန် အကျိုးဖြစ်ထွန်း စေသောနယ်ပယ်များတွင် အစီအစဉ်များ၊ စီမံချက်များနှင့် နည်းပညာ ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို ကြိုတင် ပြင်ဆင်ခြင်းနှင့် ပြီးမြောက်အောင်ဆောင် ရွက်ခြင်းတို့ကို ဆောင်ရွက် သွားမည် ဖြစ်သည်။
မွန်းလွဲပိုင်းတွင် နယ်သာလန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဘတ် ကိုအန်ဒါနှင့် တွေ့ဆုံဆွေးနွေးသည်။
ယင်းသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင် ရေးနှင့် ဒေသဆိုင်ရာနှင့် နိုင်ငံတကာ မျက်နှာစာတို့တွင် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်သွားရေး အတွက် အမြင်ချင်း ဖလှယ် ဆွေးနွေး ကြသည်။
ထို့နောက် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်နှင့် ကိုရီးယားသမ္မတ နိုင်ငံတို့မှ ပူးတွဲကြီးမှူးကျင်းပသည့် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက် မှုနှင့် ဆယ်လ်မား အူဒုံခေါ် ကျေးရွာသစ်လှုပ်ရှားမှုက လှုံ့ဆော်ပေး သည့် အားလုံး ပါဝင်ပြီး စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက် သည့် လူ့အသိုက် အဝန်းများ နမူနာပုံစံ ဆိုင်ရာ အထူးအဆင့်မြင့် အစည်း အဝေးသို့ ပါဝင်တက်ရောက် သည်။ ဖော်ပြပါ အထူးအဆင့်မြင့် အစည်းအဝေးသို့ ကိုရီးယား သမ္မတနိုင်ငံ သမ္မတမစ္စပတ်ဂွန်ဟေး၊ ပီရူး၊ လာအို၊ ဗီယက်နမ်၊ ရဝမ်ဒါ နိုင်ငံများမှ သမ္မတများ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၊ နိုင်ငံခြားရေး ဝန်ကြီးများ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် အုပ်ချုပ် ရေးမှူး မစ္စဟယ်လင်ကလပ်နှင့် အဆင့်မြင့်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment