Monday, September 28, 2015

မြန်မာ့အသံချစ်သူများအဖွဲ့ အဖွဲ့ဝင်များ တွေ့ဆုံပွဲ ကျိုင်းတုံ၌ ကျင်းပ


ကျိုင်းတုံ စက်တင်ဘာ ၂၇
သောတရှင်များ၊ အချင်းချင်း ကြားတွင်လည်းကောင်း၊ သောတရှင်များနှင့် မြန်မာ့အသံဝန်ထမ်းများအကြားတွင် လည်းကောင်း၊ ရင်းနှီး ခင်မင်စွာ အဆက်အသွယ်များ ရရှိနိုင်စေရန်၊ အင်တာနက်နှင့် အခြားအရင်းအမြစ်များမှ ရရှိလာ သည့် သတင်း အချက်အလက်များ မှန်/မမှန် အတည်ပြုပေးနိုင်မည့် အမာခံ ဒေသခံများရရှိစေ ရန်၊ မြန်မာ့အသံ အတွက် ဒေသဆိုင်ရာ
သတင်း ထောက်များအဖြစ် အထောက်အကူ ဖြစ်စေရန်၊ ပြည်သူများ ပူးပေါင်းပါဝင် မှုဖြင့် ပြည်သူ့ဝန်ဆောင်မှု အသံလွှင့် အစီအစဉ်များ ပိုမိုထုတ်လွှင့်နိုင်ပြီး ပြည်သူကိုဗဟိုပြုသည့် အနှစ်သာရ ပီပြင်ကာ မြန်မာ့အသံနှင့်ပြည်သူများ အကြား ယုံကြည်မှုပိုမိုခိုင်မာလာစေရန် ရည်ရွယ်ချက်ဖြင့် ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင် သံကြား မြန်မာ့အသံ ချစ်သူများအဖွဲ့ အဖွဲ့ဝင်များ တွေ့ဆုံပွဲ အခမ်းအနား ကိုစက်တင်ဘာ ၂၇ ရက် နံနက် ၉ နာရီက ကျိုင်းတုံမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။ အခမ်း အနားတွင် ညွှန်ကြားရေးမှူး (အသံလွှင့်) ဦးဇေယျာက အမှာစကားပြောကြား ပြီး မြန်မာ့ အသံ၏ လုပ်ငန်း ဆောင် ရွက်မှုမှတ်တမ်းဗီဒီယိုကို ပြသသည်။
ယင်းနောက် မြန်မာ့အသံခေတ်ပေါ် တေးဂီတအဖွဲ့နှင့်အတူတေးသံရှင် ဝိုင်းလေး၊ ဆူဇီ၊ နန်းမြတ်ဖြိုးသင်း၊ စောမင်း နောင်၊ မျိုးဆွေသန့်၊ မီမီခိုင်၊ နန်းစန္ဒီတင်ကြွယ်၊ အိမွန်မွန်စိုးနဲ့ ဒေသခံတိုင်းရင်းသား တေးသံရှင်များ၊ မြန်မာ့အသံဝန်ထမ်းများက တေး သီချင်းများဖြင့် ဖျော်ဖြေတင်ဆက် သည်။ အခမ်းအနားကို PSI Myanmar အဖွဲ့က ပံ့ပိုးကူညီ ကျင်းပခြင်း ဖြစ်ပြီး PSI မှ ကျန်းမာရေးစောင့် ရှောက်မှု လုပ်ငန်းတစ်ခုဖြစ်သည့် သား ဆက်ခြား ခြင်းဆိုင်ရာ ကျန်းမာရေးသိကောင်းစရာများကို ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာ ဒေါ်မိုးသူဇာဆွေ က ဟောပြောသည်။
အခမ်းအနားသို့ ပြည်နယ်၊ခရိုင် နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာ့အသံချစ်သူ အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ စုစု ပေါင်း ၆ဝဝ ခန့်တက်ရောက်ကြပြီး ယခုအကြိမ်တွေ့ဆုံပွဲသည် ဒုတိယ အကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ် ကို မတ် ၁၄ ရက်က ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့၌ ကျင်းပ ခဲ့သည်။ အလားတူ တွေ့ဆုံပွဲ အခမ်း အနားကို အောက်တိုဘာ ၁၁ ရက် တွင် မြစ်ကြီးနားမြို့၌လည်းကောင်း၊ အောက်တိုဘာ ၂၅ ရက်တွင် မကွေး မြို့၌လည်းကောင်း ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
(ပြည်နယ် ပြန်/ဆက်)
ဓာတ်ပုံ - လော်ဂူး

No comments:

Post a Comment