Monday, September 28, 2015

အင်္ဂပူမြို့တွင် ဝိတိုရိယအထူးကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက အခမဲ့လာရောက်ဆေးဝါးကုသပေး






အင်္ဂပူ စက်တင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့တော်ခန်းမတွင် ဝိတိုရိယ အထူးကုဆေးရုံကြီးမှ အထူးကု ဆရာဝန်ကြီး များ က အခမဲ့ဆေးကုသခြင်းကို စက်တင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ အခမဲ့ဆေးဝါး အခမဲ့ကုသခြင်းအား ဝိတိုရိယ ကျန်းမာရေး စောင့်ရှောက်မှုဖောင်ဒေးရှင်း ဒု-ဥက္ကဌ ဒေါက်တာကျော်ဇင်ဝင်း ဦးဆောင်သောအထူးကုဆရာဝန်ကြီးများနှင့်အဖွဲ့ဝင်များ၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာန၊  မြို့နယ်ကျန်းမာရေး ဦးစီးမှူးဒေါက်တာနန္ဒဝင်း ဦးဆောင်သောကျန်းမာရေး ဝန်ထမ်း များဖြင့် အထွေထွေ ရောဂါ ဝေဒနာရှင်(၂၅၂)ဦး၊ အရိုးအကြော ဝေဒနာရှင်(၂၀၁)ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း ဝေဒနာရှင် (၅၇)ဦး၊ မျက်စိဝေဒနာရှင်(၁၉၈)ဦး၊ ခွဲစိတ်လူနာ(၆)ဦး၊ စုစုပေါင်းဝေဒနာရှင် (၇၁၄)ဦးတို့အား အခမဲ့ဆေးဝါး ကုသပေး ခြင်းနှင့် ဆေးဝါးကုသရန် လာရောက် ကြသော ဝေဒနာရှင်များကို နေ့လည်စာ ထမင်းထုတ်များ၊ ရေသန့်ဗူးများ ပေးဝေခဲ့ကြောင်း သိရသည်။

No comments:

Post a Comment