Monday, September 28, 2015

( ၅၁)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ ဂုဏ်ပြု စုပေါင်း သန့်ရှင်းရေး လုပ်အားဒါန ပေးလှူ



ကော့သောင်း ၊ စက်တင်ဘာ ၂၇ ရက်
အောက်တိုဘာလ(၁) ရက်နေ့တွင် ကျရောက်မည့် (၅၁)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသည့် အထိမ်းအမှတ် အဖြစ် ကော့သောင်းခရိုင်၊ ရဲတပ်ဖွဲ့မှ စက်တင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းက ကော့သောင်း မြို့၊ ရွှေပြည်သာ ရပ်ကွက် ၊ ပတ္တမြား ဘုန်းတော်ကြီးကျောင်းဝင်း အတွင်း စုပေါင်းသန့် ရှင်းရေး ဆောင်ရွက်၍ လုပ်အား ဒါန ပေးလှူကြကြောင်း သိရသည်။



အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လုပ်အားဒါန ပေးလှူမှုအား ကော့သောင်းခရိုင်၊ ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး တင်ဦး၏ ဦးဆောင်မှုဖြင့် ကော့သောင်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များမှ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ ကျောင်းပတ်ဝန်းကျင်နှင့် စေတီပုထိုးများ သာသနိက အဆောက်အဦ များအား သန့်ရှင်းရေး ဆောင်ရွက်ပေးခြင်း လုပ်ငန်းများအား တစ်နေ့တာ လုပ်အားဒါန ပေးလှူခဲ့ကြသည်။
ထို့အပြင် ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်မိသားစုများမှ စုပေါင်း၍ ပတ္တမြားကျောင်းတိုက် ဆရာတော်သို့ စာသင် သံဃာများ ဆွမ်းကိစ္စ အလို့ငှာ ဆန်၊ ဆီ နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း စသည့် အလှူဒါနပြုမှု အစီအစဉ်များဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိသည်။
ကျော်စိုး (ကော့သောင်း -IPRD)

No comments:

Post a Comment