Thursday, September 24, 2015

ရွှေအင်းတိန်ဘုရား ၁၀၅၄ ဆူ ရှိသည့်အနက် ရှေးမူမပျက် ထိန်းသိမ်းဆောင်ရွက်လျက်ရှိ



နေပြည်တော် စက်တင်ဘာ ၂၄
ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးသည် စက်တင်ဘာ ၂၂ ရက် နံနက် တွင် ညောင်ရွှေမြို့နယ်၊ အင်းတိန်ကျေးရွာ အထက(ခွဲ) သို့ရောက်ရှိပြီး ကျောင်းအုပ်ကြီးနှင့် ဆရာ /ဆရာမများအား တွေ့ဆုံအားပေးသည်။

ထို့နောက် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ရှေးဟောင်းသမိုင်းဝင် ရွှေအင်းတိန် ဘုရားသို့ရောက်ရှိပြီး ရှေးဟောင်းဘုရားများ ပြုပြင်ထိန်းသိမ်းမှု အခြေအနေများအား ကြည့်ရှု စစ်ဆေးခဲ့ရာ တောင်ကြီးဌာနခွဲ တာဝန်ခံမှ ရွှေအင်းတိန် ဘုရားစုမှာ (၁၀၅၄)ဆူရှိ ကြောင်း၊ ယခုအခါ ရှေးမူလက်ရာမပျက် ကြံ့ခိုင်မှုပြုလုပ်ပြီး ဘုရားများမှာ (၃၇၂)ဆူ ရှိပြီး ရှေးမူ လက်ရာမပျက် ပြင်ဆင်ထိန်းသိမ်းရန် ကျန်ရှိသည့် ဘုရားများအား ဆက်လက် မပျက်စီးစေရန်အတွက် ထိန်သိမ်းလျက်ရှိကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း ဌာန၏ ကြီးကြပ်မှုဖြင့် ပြုပြင်ထိန်းသိမ်း ပြင်ဆင်ရန် ဘုရား(၁၀)ဆူ ရှိကြောင်း တင်ပြရာ ပြည်ထောင်စု ဝန်ကြီးက ဘုရားများသည် ရှေးဟောင်းဘုရားများ ဖြစ်သဖြင့် ရေရှည် ကြံ့ခိုင်မှု ရှိစေရန်အတွက် ရှေးမူမပျက် ပြင်ဆင်ရန် လိုအပ်ကြောင်း၊ ပြုပြင်ပြီး ဘုရားများ အားလည်း ထုံးသင်္ကန်း မသုတ်ဘဲ မူလအတိုင်းသာ ထားရှိရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment