Thursday, September 24, 2015

ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း အသစ်လျှောက်ထား ခြင်းများနှင့် သက်တမ်းတိုးခြင်းများအား ခွင့်ပြုပေးနေမှုအခြေအနေ



ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်း နှင့်ထုတ်ဝေခြင်း လုပ်ငန်း နည်းဥပဒေများ ကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄)ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါ သည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြု လက်မှတ် အသစ်လျှောက်ထားခြင်း၊ ၁၉၆၂ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေအရ ထုတ်ပေးထားသည့် မှတ်ပုံတင်သက်သေခံလက်မှတ်ရရှိထားသူများ၏ သက်တမ်းတိုးလျှောက်ထားခြင်း၊ လုပ်ငန်းအမည်ပြောင်းခြင်းနှင့် ပုံနှိပ်သူ/ ထုတ်ဝေသူအမည်ပြောင်း လျှောက်ထားခြင်း တို့ကို စီမံခန့် ခွဲရေးကော်မတီ အစည်းအဝေးများဖြင့် စိစစ်၍ ခွင့်ပြုပေးလျက် ရှိပါသည်။
ထိုသို့ဆောင်ရွက်ပေးခဲ့ရာ (၂၄-၉-၂၀၁၅)ရက်နေ့က ပြုလုပ်သော ပြန်ကြားရေးဝန်ကြီး ဌာနစီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးတွင် ပုံနှိပ်လုပ်ငန်းအသစ်လျှောက်(၃)ဦး၊ ထုတ်ဝေခွင့် အတွက်အသစ်လျှောက်ထားသူ ဂျာနယ်ထုတ်ဝေခွင့်(၃)ဦး၊ မဂ္ဂဇင်းထုတ်ဝေခွင့်(၁)ဦး၊ အထွေထွေ ထုတ်ဝေခွင့် (၇)ဦး နှင့် ပေါင်းလုပ်ငန်းအသစ် (၁၁)ဦး တို့အားလည်းကောင်း၊ ပုံနှိပ်သူ အမည်ပြောင်း (၁)ဦး တို့အားလည်းကောင်း အသိအမှတ်ပြု လက်မှတ်များထုတ်ပေးရန်ခွင့်ပြု ပေးခဲ့ပါ သည်။
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများပြဋ္ဌာန်းသည့် (၁၀-၁၀-၂၀၁၄) ရက်မှစ၍ ယနေ့အထိ ပုံနှိပ်လုပ်ငန်းအတွက် သက်တမ်းတိုး(၁၀၃၄)ဦးနှင့် အသစ်လျှောက်ထားသူ (၂၃၇)ဦး၊ ထုတ်ဝေခြင်းလုပ်ငန်း အတွက် သက်တမ်းတိုး (၉၉၀)ဦး နှင့် အသစ်လျှောက်ထားသူ (၅၇၇)ဦး ၊ သတင်းအေဂျင်စီလုပ်ငန်းအသစ် လျှောက်ထားသူ (၁၇)ဦး၊ စုစုပေါင်းပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြု လက်မှတ် (၂၈၅၅)စောင်အား စိစစ်ခွင့်ပြု ပေးခဲ့ပြီးဖြစ်ပါသည်။
ပုံနှိပ်သက်တမ်းတိုး လျှောက်ထားသူတစ်ဦးနှင့် သတင်းစာထုတ်ဝေခွင့်လျှောက်ထားသူ တစ်ဦးတို့ကို အချက်အလက်များ စိစစ်ဆောင်ရွက်ဆဲဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန                                               

No comments:

Post a Comment