Friday, September 25, 2015

မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ရှန်ဟိုင်းမြို့ရှိ ရေတပ်စခန်းဌာနချုပ်နှင့် ဖွံ့ဖြိုးတိုးတက် မှုများ ကြည့်ရှုလေ့လာ


နေပြည်တော် စက်တင်ဘာ ၂၄
တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသော ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့သည် စက်တင်ဘာ ၂၃ ရက် ဒေသ စံတော်ချိန် နံနက် ၉ နာရီခွဲတွင် ရှန်ဟိုင်းမြို့စောင့် ရေတပ်စခန်း (Shanghai Garrison Naval Port) သို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။

ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့သည် ဖရီးဂိတ်စစ်ရေယာဉ် အမှတ် (၅၄၂)သို့ တက်ရောက်လေ့ လာရာ စစ်ရေယာဉ်ဂုဏ်ပြုတပ်ဖွဲ့က အလေးပြုပြီး စစ်ရေယာဉ်ခန်းမတွင် စစ်ရေယာဉ်မှူး Capt.Zhang Chung Puo က စစ်ရေယာဉ်နှင့် ပတ်သက်သော အချက်အလက်များ ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒေသစံတော်ချိန် ၁၁ နာရီ မိနစ် ၅ဝ တွင် ရှန်ဟိုင်းမြို့ရှိ Pearl TV Tower ကို သွားရောက် ကြည့်ရှု လေ့လာကြပြီး Pearl TV Tower ပေါ်မှ ရှန်ဟိုင်းမြို့သစ် Pu Dong နယ်မြေနှင့် မြို့ဟောင်း Pu Xi နယ်မြေ အတွင်း ဖွံ့ဖြိုးတိုးတက်မှု များကို လေ့လာခဲ့ကြသည်။
ထို့နောက် ရှန်ဟိုင်းမြို့ဖွံ့ဖြိုး တိုးတက်ရေးပြခန်း (Shanghai Development Exhibition Hall) ကို ကြည့်ရှု လေ့လာကြပြီး ဝူဟန်မြို့သို့ ဆက်လက်ထွက်ခွာရန် ရှန်ဟိုင်းမြို့ ဟုန်းချောင်လေဆိပ်သို့ ရောက်ရှိရာ ရှန်ဟိုင်း မြို့စောင့်တပ် ဒုတိယတပ်မှူး ဗိုလ်ချုပ် Wan Zhi Ping နှင့် တာဝန် ရှိသူများက လိုက်လံပို့ဆောင်နှုတ် ဆက်ကြသည်။
ယင်းနောက် တရုတ်ပြည်သူ့လွတ် မြောက်ရေးတပ်မတော် အထူးလေ ယာဉ်ဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ ဝူဟန် မြို့ Tian Hua လေဆိပ်သို့ ဒေသစံတော်ချိန် ည ၈ နာရီ မိနစ် ၄ဝ တွင် ရောက်ရှိခဲ့ပြီး ဟူပေပြည်နယ် စစ်ဒေသ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ် Yang Wan Jun နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ခဲ့ကြောင်း သတင်းရရှိသည်။
(မြဝတီ)                       

No comments:

Post a Comment