Tuesday, September 29, 2015

မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး မဲခေါင်ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စ ဆွေးနွေး


နေပြည်တော် စက်တင်ဘာ၂၉
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုသည် ထိုင်းနိုင်ငံ တရားရေး ဝန်ကြီးဌာန ဝန်ကြီး H.E General Paiboon Koomchaya  ဦးဆောင်သော အဖွဲ့အား ယနေ့မွန်းလွဲ(၃)နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ်(၃၈)၊ ပြည်ထဲရေး ဝန်ကြီးဌာနရှိ ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စု ဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများ၊ အစားထိုးဖွံ့ဖြိုးရေး လုပ်ငန်းများတွင် မြန်မာ-ထိုင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အတွက် မဲခေါင်ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment